ဓာတ်ပုံ – KNU

ပို့လဘား၊ မတ်လ ၁၅ ရက်

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားတဲ့ ဆောထိမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မနေ့ မတ်လ ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းတစ်လုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အဲရွာဘက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ ဒီတိုင်းရမ်းသမ်းပြီး ပစ်လာနေကြတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ဆောထိမြို့နယ် ကောက်မဲ့သူကျေးရွာကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ကျော်ဇော်လင်း ဆိုသူအမျိုးသားတစ်ဦးက သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် ညနေပိုင်းနဲ့ ၁၂ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ကညင်ကျွန်းကျေးရွာကို ဒရုန်းနဲ့ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း လယ်မူလားမြို့နယ် တကူကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်ဝာာနဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။