မြတ်နိုး၊ ဇူလိုင် ၇၊ ဖားကန့်

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဝှေခါ – အင်းတော်ကြီးကြားရှိ ညောင်ထောက်ဂိတ်က ကချင်တပ်မတော်-KIA တပ်ဖွဲ့ဝင် ၁ဦးက မနေ့ ဇူလိုင်လ ၆ ရက်နေ့ည ၁၂ နာရီခန့်မှာ သောက်စားမူးယစ်ပြီး ဒေသခံတွေကို သေနတ်နဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးမှုရှိပြီး ဒဏ်ရာရသူရှိကာ သေနတ်ပစ်ခတ်ခဲ့တဲ့တပ်သားလည်း ကိုယ့်ကိုယ်အဆုံး-စီရင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အဲစစ်သားတွေ ဘရဏီ စားသောက်ဆိုင်မှာ ဘီယာသောက်နေတဲ့အချိန် ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ လူငယ်တစ်ယောက်ကို တားပြီး ယာမ ဆေးပြား အနံရတယ် ဆိုပြီး ပိတ်ရိုက်လိုက်တယ်။ ရွာဥက္ကဌက အချိန်မတော် ရွာထဲ စကားများ ရန်ဖြစ်တာတွေ မလုပ်ကြဖို့ လာပြောတယ်။ အဲဒီမှာ ရွာဥက္ကဌကို မင်းက ဘာကောင်လဲဆိုပြီး ကန်ချောက် ရိုက်နှက်တယ်။ အဲဒီမှာ မိတုန်လတောင်ဆိုတဲ့ KIA တပ်သားက သေနတ်ကို အော်တို ဆွဲပြီး ပစ်လိုက်တာကြောင့် ဒေသခံတွေ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေ ရှိတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ ဒေါ်ချိုချိုဦးနဲ့ KIO ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးတာဝန်ခံ ကိုအိုက်နှောင်းတို့ဖြစ်ပြီး ဒေါ်ချိုချိုဦးက နေရာမှာတင် သေဆုံးခဲ့သလို ကိုအိုက်နှောင်းကတော့ ဒဏ်ရာပြင်းထန်လို့ ဒီမနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၂၈ နှစ်အရွာ ဆွတ်ရိန်နော်၊ အသက် ၇၁ နှစ်အရွယ် ရပ်မိရပ်ဖ ဦးမြင့်မောင်နဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး ဖြစ်စဉ်အတွင်း သေနတ်သံ ၁၃ ချက်ခန့် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သေနတ်ပစ်ခတ်ခဲ့တဲ့ KIA တပ်သား မိတုန်လတောင်က သူ့ဖာသူ ပြန်ပစ်သေသွားတာလို့သိရတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ဘီယာဆိုင်အတွင်း အငြင်းပွားမှုကနေ စတင်ခဲ့တဲ့ ပစ်ခတ်မှုအပြီး အဆုံးစီရင်သွားတဲ့ KIA တပ်သားအပါအဝင်သုံးဦး သေဆုံးခဲ့ပြီး ဒေသခံတွေဟာ သေနတ်သံတိတ်သွားတဲ့အထိ အလောင်းတွေတောင် မကောက်ရဲဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက် မနက်အစောပိုင်းကလည်း ဖားကန့်မြိုနယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာမှာ KIO/KIA မြိုနယ်မှူး ဆိုင်းအောင်နန်ကို ဆွေမျိုးတော်စပ်သူ အမျိုးသား ၃ ဦးက သတ်ဖြတ်ကာ အလောင်းကို ရေအိုင်ထဲ ပစ်ချအလောင်းဖျောက်ခဲ့ပြီး အဓိက တရားခံဖြစ်သူလည်း ကိုယ့်ကိုယ်အဆုံး-စီရင်သွားခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။