နော်ဂျား၊ ဇန်နဝါရီ ၂၈ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်တဲ့ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လူမှုကွန်ယက်ပေါ် လူပြောများနေတဲ့ မူဆယ်မြို့ပေါ်က ရပ်ကွက်(၉) ခုမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့စပြီး စတင်ဖွင့်လှစ်မယ့် မူးယစ်ဆေးဝါး လက်လီလက်ကားဆိုင်နဲ့ ပတ်သက်ပြီး တောင်ကြီးရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲချုပ်ရုံးက တစုံတရာ အမိန့်ပေးဟန့်တားသူ မရှိတာကြောင့် စတင်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း ရဲသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အရင်က မူလ (၂၃) ဆိုင်သာ ရှိခဲ့ရာကနေ ဒီနေ့ ဇန်နဝါရီလ (၂၈) ရက်မှာတော့ (၃၁) ဆိုင်အထိ စာရင်းတိုးလာခဲ့ပြီး (ဘိန်းမဲ) သီးသန့်အရောင်းဆိုင် (၂) ဆိုင်ပါ ထပ်မံဖွင့်လှစ်လာခဲ့တာကြောင့် စုစုပေါင်း (၃၃) ဆိုင်အထိ ရှိလာတယ်လို့ ဆိုပါတယ်။

အဆိုပါဆိုင်များတွင် K၊ ice၊ ရာမ၊ Happy Water၊ ဆေးခြောက်နဲ့ နံပါတ်4 စတာတွေကို ရောင်းချသွားမယ်လို သိရပါတယ်။

လာရောက်သုံးစွဲတဲ့သူတွေအနေနဲ့လည်း လက်ကိုင်ဖုန်းမယူဆောင်လာကြဖို့ မူဆယ်ရဲတပ်ဖွဲ့ဝင်တွေက စည်းကမ်းသတ်မှတ်ထားတယ်လို့ ဆိုင်ဖွင့်မယ့်သူ တစ်ဦးက ပြောပါတယ်။

ဆိုင်ဖွင့်မယ့်သူ တစ်ဦးက “ဓါတ်ပုံရိုက်ပြီး လိုင်းပေါ်တင်မှာကို စိုးရိမ်လို့ ပါလာတဲ့ဖုန်းတွေကို ခြံစောင့်ပြည်သူ့စစ်တွေက ခဏသိမ်းထားရမယ်တဲ့။ အရင်က (၂၃)ဆိုင် အခုထပ်တိုးတယ်လို့ ကြားတယ်။ လိုင်းကြေးလည်း အရင်သတ်မှတ်ထားတဲ့နှုန်း မဟုတ်တော့ဘူး။ တစ်ဆိုင်ကို (၇၅) သိန်း ဖြစ်သွားပြီ။ မြတ်မယ်ထင်လို့ ဖွင့်မှာပါ” လို့ ပြောပါတယ်။

သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေမှာ (၁) ဖွင့်လှစ်မယ့်ဆိုင်ဟာ ခြံဝန်းအတွင်း ဖြစ်ရမည် (၂) ဆေးအလွန်အကျွန်သုံးပြီး သေဆုံးမှုရှိခဲ့ပါက ဆိုင်ရှင်ရဲ့ တာဝန်ဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ပတ်သက်မှု လုံးဝမရှိစေရ (၃) ဆိုင်အတွင်း ရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေကို ဆိုင်အပြင်သို့ ယူဆောင်ခြင်းခွင်မပြုရန် (၄) ဆိုင်အတွင်း စကားများရန်ဖြစ်ပွားမှု မရှိစေရန် (၅) ဆိုင်ရဲ့ အတွင်း၊ အပြင် လုံခြုံရေးကို မိမိတို့အစီအစဥ်နဲ့ မဖြစ်မနေချထားရန် ဆိုပြီး မူဆယ်မြို့မရဲစခန်းက သတ်မှတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဂိမ်းရုံပိုင်ရှင်တွေ ပြည်သူ့စစ်တွေနဲ့ တရုတ်လူမျိုးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉) ရက်မှာ ရောင်းချခွင့် တောင်းဆိုလာတာကြောင့် စခန်းမှူး ဒုရဲမှူး နေယုဆန်းနဲ့ နယ်ထိန်းခေါင်းဆောင်တို့ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်မှာဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး ဂိမ်းရုံ၊ ပြည့်တန်ဆာ၊ အနှိပ်ခန်းတွေပါ တွဲဖက် ရောင်းချသွားမှာဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

အဲဒီဆိုင်ဖွင့်မယ့် အစီအစဥ်ကို ကွတ်ခိုင်မြို့ရှိ TNLA ခရိုင် ပြည်တွင်းအခွန်ဦးစီးမှူးရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ဆိုင်ရဲ့ တည်နေရာတွေကို လိုက်လံစုံစမ်းနေတယ်လို့ သိရတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။