ရွှေဖီမြေ၊ ဇူလိုင် ၂၂ ရက်၊ တန့်ယန်း

‎ကွတ်ခိုင်မြို့ကနေ ထောင်ဖောက်ပြေးသွားပြီး သက်ငယ်အဓမ္မပြုကျင်မှု ကျူးလွန်ခဲ့တဲ့ ဆရာဝန် အောင်ဖြိုးနိုင်ဟာ တန့်ယန်းမြို့က မိုင်ဆုန်ဆေးရုံမှာ တာဝန်ထမ်းဆောင်ရာကနေ သတင်းတွေတက်လာတဲ့အတွက်ကြောင့် ဖမ်းဆီးမခံရဘဲ ထပ်မံထွက်ပြေးသွားကြောင်း သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎၎င်းအသက် ၃၇ နှစ်အရွယ် ဒေါက်တာ အောင်ဖြိုးနိုင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်က ထောင်ဖောက်ပြေးသွားပြီး ပြီးခဲ့တဲ့လ ဇွန်လမှာ တန့်ယန်းရှိ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ မိုင်ဆုန်ဆေးရုံမှာ ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပြီး လက်ရှိမှာတော့ ၎င်းနေရာကနေ ထပ်မံထွက်ပြေးသွားပြီဖြစ်ပါတယ်။

‎ဖြစ်စဉ်သိရသူ သတင်းအရင်းအမြစ်က “အဲ CDM ဆရာဝန်က စစ်ကောင်စီရဲ့ အကူအညီနဲ့ဘဲ တခြားမြို့ကို ပြေးသွားပြီ။ အဲမှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတွေက ရဲတွေ၊ စစ်သားတွေကို ငွေပေးထားပြီး တစ်ခုခုဆို လာဖမ်းရင် ထွက်ပြေးလို့ရတယ်။ ဟို လူယုတ်မာလဲ ဘယ်မြို့က မိန်းကလေးတွေကို ဒုက္ခပေးအုံးမလဲမသိဘူး” လို့ ပြောပါတယ်။

‎၎င်းမိုင်ဆုန်ဆေးရုံဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကစပြီး ယာယီ ပိတ်ထားဆဲ ဖြစ်သလို လက်ရှိမှာတော့ ဝန်ထမ်း ၁၀၀ နီးပါးက အလုပ်လက်မဲ့ဖြစ်နေကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောပါတယ်။

‎ဆေးရုံ ပြန်ဖွင့်နိုင်ဖို့ကိုလည်း စစ်ကောင်စီအပြင် သက်ဆိုင်ရာတွေနဲ့ ဆေးရုံအုပ်က ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

‎ထွက်ပြေးနေဆဲဖြစ်တဲ့ ဒေါက်တာ အောင်ဖြိုးနိုင်ကို ရှမ်းတောင်၊ ရှမ်းမြောက်နဲ့ ရှမ်းအရှေ့ရှိ လူထုတွေက တွေ့ခဲ့ပါက သက်ဆိုင်ရာကို တိုင်ကြားဖို့နဲ့ ရှောင်ရှားနိုင်ဖို့ တိုက်တွန်းလိုကြောင်း အဲသတင်းအရင်းမြစ်က ရွှေဖီမြေကို ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။