ဓာတ်ပုံ- CJ

လွေးဇွန်မိုး၊ မတ်လ ၂၄ ရက်၊ ကွတ်ခိုင်

ကွတ်ခိုင်မှာ ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက်မှာ စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် လွယ်ဆိုင်ရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၉ အိမ် ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အစည်းအဝေးမှာတော့ သူတို့(MNDAA) ပြန်ပြင်ပေးမယ်လို့ ပြောတာပဲ။ အသစ်အတိုင်း ပြန်ဖြစ်အောင်လို့လည်း မပြောပါဘူး။ ပြန်ပြင်ပေးမယ်ပဲပြောတာ။ သူတို့ကိုလည်း အကုန်လိုက်ပြပြီးပြီ။ သူတို့က အထက်ကို ပြန်တင်ပြအုံးမယ်တဲ့”

အလားတူ ဟိုကျန့်ရွာက နေအိမ် ၃ လုံး၊ မန်ထန်ရွာ ဘုန်းကြီးကျောင်းနဲ့ ရွှေကမ္ဘာအေး ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ရွှေဖီမြေက ကောက်ယူရရှိထားတဲ့ စာရင်းအရ သိရပါတယ်။

ကိုးကန့်တပ်ဘက်က ပျက်စီးတဲ့နေအိမ်တွေကို လာရောက်ကြည့်ရှုသွားတာ ရှိသလို စာရင်းတွေလည်း ကောက်ယူသွားတာရှိပြီး လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာ ထောက်ပံ့ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ကွတ်ခိုင်တိုက်ပွဲအတွင်း MNDAA ရဲ့ ဒရုန်းဗုံး၊ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ဒေသခံ ၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။