ရွှေဖီမြေ ၊ ဧပြီလ ၂၅ ရက်
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဘိုဒါးကျေးရွာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဘိုဒါးကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်က ၂ နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး KNLA တပ်မဟာ (၄) တပ်ရင်း (၂၀၃) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါစခန်းကို ရရှိဖို့ ပြီးခဲ့တဲ့ ဧပြီလ၂၀ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ ဧပြီလ ၂၄ ရက် နေ့လယ် ၃ နာရီမှာ စစ်ကောင်စီတပ်သားတွေအားလုံး စခန်းကနေ ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကလည်း သနင်္သာရီတိုင်း မြိတ်-ထားဝယ်လမ်းပိုင်း မင်းဒပ်ကျေးရွာမှာ စစ်ကောင်စီတပ်က နှစ်ပေါင်း ၃၀ ကျော် တပ်စွဲထားတဲ့ တပ်စခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။