မြတ်နိုး၊ စက်တင်ဘာ ၁၄ ရက်

ကချင်ပြည်နယ် ဗန်းမော်ဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုကို ကချင်တပ်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီ သင်္ဘောတစ်စီး ထပ်မံနစ်မြုပ်သွားတယ်လို့ ရှေ့တန်းနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။

မနေ့ စက်တင်ဘာ ၁၂ ရက် ဗန်းမော်ကနေ မန္တလေးဘက်ကို ပြန်ဆင်းလာတဲ့ သင်္ဘောအုပ်စုထဲက သင်္ဘောတစ်စီးကို စာဝတီးနဲ့ သပြေကုန်းကြားမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“သင်္ဘောကို ထိသွားပြီး ပျက်စီးသွားတာ။ နောက်တစ်စီးနဲ့ ပြန်ဆွဲသွားတယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။

ဒီလို သင်္ဘောတွေကို ဆက်တိုက်တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီဘက်ကလည်း ဗန်းမော်၊ စင်းခန်းနဲ့ ရွှေကူဘက် မြစ်ကမ်းတလျှောက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြန်လုပ်နေတယ်လို့ သိရပါတယ်။

“မြစ်ကြောင်းဘက်မှာ တိုက်ပွဲတွေ တော်တော်ပြင်းနေတယ်။ သင်္ဘောတွေကို ပစ်ပြီးရင် လေယာဉ်နဲ့ ပြန်လာပစ်တာတွေ ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဗန်းမော်ဘက်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်တင်းဖို့ သင်္ဘောတွေနဲ့ စုန်ဆင်း၊ ဆန်တက် လုပ်နေတဲ့အတွက် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းလည်း စစ်ကောင်စီ သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာလည်း ဗန်းမော်၊ ကောင်ဂျာယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၃၀ ကျော်လောက်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းပိတ်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ သင်္ဘောနစ်မြုပ်မှုတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

မနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မှာ ဇင်းဘုံ တဝိက်က စစ်ကောင်စီး ၃ ရင်း ဆုတ်ခွါလာတဲ့ စစ်ကောင်စီအလောင်းနဲ့ လက်နက်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ရှေ့တန်း နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က သင်္ဘောအုပ်စုတွေ ခက်ခက်ခဲခဲ တိုက်ခိုက်ခံနေရတာကြောင့် ဗန်းမော်၊ စင်းခန်း၊ ရွှေကူ မြစ်ကမ်းတစ်ကြောကို လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စင်းခန်းနဲ့ မန်ဂျေကြား ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကောင်းတုံရွာလည်း လေကြောင်းက ဗုံးကြဲခံရလို့ မီးလောင် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။