သုတ၊ မတ်လ ၂၉ ရက်

ရှမ်းမြောက် စက်သုံးဆီစျေးနှုန်းတွေ နေ့စဉ်လိုလို မြှင့်တက်နေပြီး မြို့နယ်အလိုက် တစ်လီတာကို ၁၂၀၀၀ ကျပ်ကနေ နှစ်သောင်းကျော်အထိ စျေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက်မှာ လားရှိုးက ပန့်ဆီဆိုင်မှာ ဆီတစ်လီတာကို ၁၂၅၀၀ ကျပ် ပေးရပြီး မြို့ပြင်နေရာတွေမှာတော့ တစ်လီတာကို တစ်သောင်းခွဲအထိ ပေးဝယ်နေရတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပန့်ဆီဆိုင်စျေးက (၁၂၅၀၀) ပေးရတယ်။ ဗူးနဲ့က တစ်လီတာကို တစ်သောင်းခွဲနဲ့ ရောင်းတယ်။ ဒီမှာက စျေးတအားတင်ရောင်းတယ်။ ဒီပုံစံနဲ့ဆို မလွယ်ဘူး” လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ် နမ့်ခမ်းမြို့မှာတော့ ပန့်ဆီဆိုင်မှာ ဆီတစ်လီတာကို (၁၈၀၀၀) ကျပ် ပေးရပြီး၊ ကွတ်ခိုင်နဲ့ နမ္မတူမှာ တစ်လီတာကို တစ်သောင်းခွဲအထိ ပေးရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“တရုတ်ဘက်ကနေ ဆီတော့ ဝင်တယ်။ ဒါပေမယ့် စျေးတအားတက်တယ်။ တစ်ပေပါကို ၄၇ သိန်းလောက်ရှိတယ်” လို့ နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါတယ်။

မန်တုံမြို့မှာ ဒီနေ့ မတ်လ ၂၉ ရက်အထိ ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ စျေးရှိပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ မန်တုံမြို့ခံတစ်ဦးက ပြောပါတယ်။

“တစ်လီတာကို နှစ်သောင်းပေးရတယ်။ ဒါတောင်မှ ဆီက မရှိဘူး”

အလားတူ ရှမ်းမြောက်ရှိ တခြားမြို့နယ်တွေမှာလည်း စက်သုံးဆီစျေးတွေ ဆက်တိုက် မြှင့်တက်နေတယ်လို့ သိရပါတယ်။

စက်သုံးဆီစျေး အခက်အခဲကြောင့် ရှမ်းမြောက်မှာ စားသောက်ကုန်စျေးတွေလည်း ဆက်တိုက် မြှင့်တက်နေပြီး ယာဉ်လိုင်းတချို့ ရပ်နားထားရတယ်လို့ ယာဉ်မောင်းတချို့က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က စစ်သုံးဆီ အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အိမ်သုံးကားတွေကို စုံမခွဲဘဲ မောင်းနှင်ဖို့ အပါအဝင် ဝန်ထမ်းတွေအနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်းမှာ နေအိမ်မှာပဲ ရုံးတက်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။