ရွှေဖီမြေ၊ မေလ ၂ ရက်၊ ကွန်ဟိန်း
ရှမ်းတောင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ ဝမ်မိုင်ကျေးရွာအနီးမှာ တရားမဝင် ဝင်ရောက်လာကြတဲ့ တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ကွန်ဟိန်းမြို့ ဝမ်မိုင်ကျေးရွာအနီးရှိ သံလွင်မြစ်ကူး ကူးတို့ဆိပ်မှာ တရားမဝင် ဝင်လာကြတဲ့ တရုတ်နိုင်ငံသား ၄၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့ မေလ ၁ ရက် မနက်ပိုင်း ၂ နာရီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေဟာ ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ ကျားဖြန်လုပ်ငန်း လုပ်ကိုင်နေစဥ် အတောအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးနေတာကြောင့် တရုတ်နိုင်ငံဘက်သို့ ပြန်ဖို့ရန်အတွက် တောလမ်းအတိုင်း ထွက်ပြေးလာချိန်မှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် ဝင်ရောက်လာကြတဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံဆီကို ပြန်လည်လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။