ဓာတ်ပုံ – The Kokang

မိုးထက်၊ မတ်လ ၁၉ ရက်၊ ၁၀၅ မိုင်

ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ တအာင်းကျေးရွာအားလုံး အသက် ၁၈ ပြည့်တဲ့သူတွေ လာရောက်စစ်မှုထမ်းဖို့ ကိုးကန့်တပ်မ‌တော်- MNDAA က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ် ၁၀၅ မိုင်အပြင် အောက်နမ့်ဟွယ်၊ အထက်နမ့်ဟွယ်၊ မန်မော်၊ နမ့်တောင်းရွာ၊ ဝေလုကျေးရွာနဲ့ နမ့်အွမ်ကျေးရွာတွေရဲ့ ဒေသခံတွေကို ကိုးကန့်တပ်က ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းမှာ အစည်းအဝေးခေါ်ယူပြီး လာရောက်စစ်မှုထမ်းဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက “အခု ၁၀၅ မိုင်မှာ သူတို့အုပ်ချုပ်တော့မှာဆိုတော့ သူတို့ဘက်မှာပဲ စစ်သားလုပ်ပေးရမယ်တဲ့။ အသက် ၁၈ နှစ်ပြည့်တဲ့သူတွေရဲ့စာရင်းကို ကောက်တယ်။ ဒါပေမယ့် ဘယ်သူမှ စာရင်းမပေးရသေးဘူး။ ကျမတို့က TNLA ဘက်ကိုအရင်မေးရမယ်လို့ ပြောထားတယ်။ သူတို့ဘက်လည်းသွားရမှာဆိုရင် TNLAဘက်က လက်ခံမလားလို့။ ပြီးရင် ဟိုဘက်လည်း သွားရ ဒီဘက်လည်းသွားရမယ်ဆိုရင် အဆင်မပြေဘူးလေ။ TNLAဘက် ခွင့်ပြုမှ ကျမတို့သားတွေ သွားခိုင်းမယ်လို့ ပြောထားတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၀၅ မိုင်ရှိ တအာင်းကျေးရွာတွေက ‌ TNLA ထံ တာဝန်ထမ်းဆောင်တဲ့ တပ်သားတွေကိုလည်း ကိုးကန့်တပ်က ၎င်းတို့ဆီ လာရောက်စစ်မှုထမ်းပေးဖို့ ပြောဆိုထားတာလည်း ရှိခဲ့တယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကွတ်ခိုင်မှာ ကိုးကန့်တွေ ဖမ်းမိတဲ့တစ်ယောက် သူ့တို့ မနေ့မှ ပြန်လွတ်ပေးတာ။ သူ့ကို ပြောတာတော့ လက်နက်နဲ့ ယူနီဖောင်းရှိရင် ငါတို့ဆီလာအပ်လိုက်ပြီး ငါတို့တပ်သားလာလုပ်လိုက်တဲ့။ လစာလည်း ပေးမယ်။ သူ့ကို ကွတ်ခိုင်ကနေ ၁၀၅ မိုင်အထိ ကားခပေးပြီး ပြန်လွတ်ပေးလိုက်တာ။ သူ့သေနတ်‌တော့ ပြန်မပေးတော့ဘူး။ ကိုးကန့်‌တွေ သိမ်းထားတယ်။ သူ့ဓာတ်ပုံနဲ့ နာမည်လည်း သူတို့ ယူထားတယ်။ သူ့တို့တပ်သားထဲ ဝင်ဖို့တဲ့”

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်‌ထောင်စုလမ်းမပေါ်ရှိ တအာင်းရွာတွေကိုလည်း MNDAA က TNLA ယူနီဖောင်းနဲ့ သေနတ်တွေ အကုန်လာအပ်ဖို့ ကျေးရွာအုပ်ချုပ်‌ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီး ပြောဆိုထားတာရှိခဲ့တယ်လို့‌ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် မနက်ပိုင်းမှာလည်း ၁၀၅ မိုင်၊ အောက်နမ့်ဟွယ်၊ အထက်နမ့်ဟွယ်နဲ့ နမ့်တောင်းရွာမှာရှိတဲ့ ရွာသူကြီးတွေကို MNDAA တပ်က အစည်းအဝေးခေါ်ပြီး ရွာထဲမှာ TNLA ထံ တာဝန်ထမ်းဆောင်သူရှိမရှိ မေးမြန်းတာနဲ့ တာဝန်ထမ်းဆောင်သူရှိရင် အဲလူတွေရဲ့ စာရင်းတွေ လာအပ်ဖို့ ပြောဆိုကြောင်း ဒေသခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။