ဓာတ်ပုံ – ဒေသခံ

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၉ ရက်၊ ဝန်းသို

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းအင်ဖိုမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၈ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ၅ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ‌လူထိခိုက်တာအပြင် နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကောလင်းအင်ဖိုမှ တာဝန်ရှိသူတစ်ဦးက “နေအိမ်တစ်လုံး ပျက်စီးတယ်။ တစ်လုံး မီးလောင်သွားတယ်။ ပြည်သူနှစ်ဦးက ဒဏ်ရာရသွားတယ်။ ဒဏ်ရာက ပြင်းထန်တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ဒဏ်ရာရရှိသွားတဲ့ ဒေသခံနှစ်ဦးကတော့ အသက် ၅၀ ကျော် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဝန်းသိုမြို့နယ်က ဒီနမ်းခမ်းရွာဟာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကို အခုတစ်ကြိမ်အပါအဝင် ဒုတိယအကြိမ်‌မြောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။