မိုင်းဇိူမ်းဆငဲ၊ ဒီဇင်ဘာ ၂၁ ရက်၊ နမ္မတူ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ထဲက နောက်ထပ်ကျေးရွာတစ်ခုမှာ သက်ငယ်အဓမ္မပြုကျင့်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဖြစ်စဥ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် နမ္မတူမြို့နဲ့ သီပေါမြို့ကြားထဲမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ အသက် ၂၄ အရွယ်ရှိ ကိုအောင်ဌေးက အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ နန်းစိန် (အမည်လွဲဲ) ကို ခြိမ်းခြောက်ပြီး အဓ္မမပြုကျင့်ခဲ့တာလို့ သိရပါတယ်။

နန်းစိန် (အမည်လွဲ) ဟာ ကျောင်းပိတ်ရက်တိုင်းမှာ သူ့ညီအမတွေနဲ့ တောင်ယာမှာရှိတဲ့မိဘတွေကို တောင်ယာအလုပ်ကူလုပ်ပေးလေ့ရှိတဲ့လူ ဖြစ်ပြီး အဲတနင်္ဂနွေနေ့ ညပိုင်း ၇ နာရီနဲ့ ၈ နာရီအချိန်မှာ တောင်ယာမှာ မိဘတွေမရှိတဲ့အချိန်ဖြစ်တာကြောင့် ညီအစ်မတွေနဲ့သာရှိတဲ့နေရာကို ကိုအောင်ဌေးက လာရောက်ပြီး နန်းစိန် (အမည်လွဲ) ကို အဓမ္မပြုကျင့်သွားခဲ့တာလို့ စုံစမ်းသိရပါတယ်။

“ငါက ပလောင်စစ်သားပဲ။ လူတွေက ငါ့ကို ဒီမှာအိပ်ခိုင်းတာ။ အပြင်မှာ စစ်သားတွေစောင့်နေတယ်။ နင်တို့အော်ရက် ငါ့ဓားနဲ့ သတ်ပစ်မယ်” လို့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်က ရဲတပ်ဖွဲ့တွေထံ ထွက်ဆိုခဲ့ပါတယ်။

နမ္မတူမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်တုန်းကလည်း အသက် ၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။

သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်သူတွေကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာ သိရပေမဲ့ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်သွားမလဲဆိုတာ သိရှိခြင်းမရှိသေးသလို ကျူးလွန်ခံရသူတွေ အတွက် တရားမျှတမှု ရရှိအောင် အရေးယူဖို့ မိသားစုဝင်တွေက မျှော်လင့်နေပါတယ်။

ကိုးကန့်တပ် – MNDAA မှာတော့ ဒီလိုသက်ငယ်အဓမ္မပြုကျင့်သတ်ဖြတ်မှု​ကျူးလွန်သူတွေကို သေဒဏ်ပေးလေ့ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။