ရွှေဖီမြေ၊ ဒီဇင်ဘာ ၂၁ ရက်၊ ဂွ
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်လာပါတယ်။
မနေ့ ဒီဇင်ဘာ၂၀ ရက် နေ့လည် ၁နာရီခွဲခန့်မှာ ကျိန္တလီမြို့က ကလေး ၃ ဦး တောင်ပေါ်သို့ ဆော့ကစားဖို့သွားရာမှာ စစ်ကျန်လက်နက်ကို ဆော့ကစားမိလို့ ကလေး ၁ ဦးသေဆုံးခဲ့တဲ့အပြင်၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အသက် ၁၄ နှစ်အရွယ်ရှိ အောင်သူစိုးနဲ့ အသက် ၁၃ နှစ်အရွယ်ရှိ ကနေမျိုးကျော်(ခ)အလင်းဆက်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်မှာ မိုင်းနင်းမိတာကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးအထိ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။