တောင်ကြီးမြို့မှာ အင်္ဂလိပ်စာတပ်ထားတဲ့ ဆိုင်းဘုတ်တွေကို စစ်ကောင်စီက မြန်မာစာ ပြောင်းတပ်ခိုင်း
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့မှာ အင်္ဂလိပ်စာတွေနဲ့ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တွေကို စစ်ကောင်စီတပ်က မြန်မာစာနဲ့ ပြောင်းတပ်ဆင်ခိုင်းနေတယ်လို့ တောင်ကြီးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။