မန္တလေးကနေ တက်လာတဲ့ အတက်ကားတွေကို ဝက်ဝံဂိတ်မှာ လှည့်ပြန်ခိုင်း၊ တစ်ပတ်ကြာ ပိတ်ထားမယ်လို့ဆို
မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ နောင်ချိုကြားရှိ စစ်ကောင်စီရဲ့ ဝက်ဝံရွာ စစ်ဆေးရေးဂိတ်မှာ မန္တလေးကနေ တက်လာတဲ့ ကုန်တင်ကားတွေကို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းခဲ့သလို ၁ ပတ်ခန့်ကြာ ပိတ်ထားမယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားတစ်ဦးက ပြောပါတယ်။