စစ်ရေးအရှိန် လျှော့ချဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ရေးအရှိန် လျှော့ချဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကူမင်းမှာ စစ်ကောင်စီနဲ့ TNLA ဆွေးနွေးနေချိန် နောင်ချိုမှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေ

တရုတ်ရဲ့ စီစဥ်ပေးမှုနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ ဆွေးနွေးနေချိန် နောင်ချိုမြို့နယ်မှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ သွားနေချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို လက်နက်ကြီးနဲ့ လေကြောင်း ၁၈၀ ကြိမ် နီးပါး တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်

တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA က ဆွေးနွေးပွဲ သွားနေချိန် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်‌ထားတဲ့ နယ်မြေကို လက်နက်ကြီးနဲ့ လေကြောင်း ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ TNLA က ထုတ်ပြန်ထားပါတယ်။

နောင်ချိုမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးပြိီး ၅ နှစ် ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် မဲပုတ်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ ၆ လကျော်တဲ့အထိ တိုက်ပွဲ ဆက်ဖြစ်နေ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ တောင်းခမ်းရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ၆ လကျော်တဲ့အထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောင်းခမ်း တိုက်ပွဲမှာ သုံ့ပန်း ၅ ဦးကို DPLA ဖမ်းမိ၊ တစ်ဦးဟာ ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ DPLF ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ညီအစ်ကိုအရင်း ဖြစ်နေ

နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ TNLA ထိန်းချုပ်ထားတဲ့နေရာတချို့ ပြန်လည် လက်လွှတ်နေရ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအပြင် နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်ရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ နေ့စဥ်လိုလို တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချို အုမ္မတီးရွာက နေအိမ် ၂၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တအာင်းတပ်မတော်- PSLF/TNLA က မနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။