စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြောင့် နောင်ချိုမြို့နယ်က အမျိုးသမီး ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ ဆက်လက်အသုံးပြုပြီး တိုက်ခိုက်နေ

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့တွေ ဆက်လက်အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်းခမ်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အဆိပ်ငွေ့လို့ ယူဆရတဲ့ဗုံး စစ်ကောင်စီတပ် အသုံးပြုတိုက်ခိုက်

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်-TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေကို စစ်တပ်က အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ဖြစ်နေပြီး နှစ်ဖက်အထိအခိုက် အကျအဆုံး များနေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး ဒဏ်ရာရ

ရှမ်းမြောက် နောင်ချိုမြို့နယ်က နားကျောင်းခမ်းကျေးရွာထဲကို စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

တောင်ခမ်းနဲ့အုမ္မတီးမှာ စစ်ကောင်စီနဲ့ TNLA အကြားတိုက်ပွဲဆက် ပြင်းထန်နေ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ တောင်ခမ်းကျေးရွာနဲ့ အုမ္မတီးကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

နောင်ချိုနယ် အုမ္မသီးကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကြံခင်းနဲ့ နေအိမ်တစ်ချို့ မီးလောင်

နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကြံခင်းနဲ့ နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရှေးတန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားနဲ့ ကုန်ကားတွေ ၅ သောင်းကနေ ၂ သိန်းအထိ ပေးနေရ

ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာ ကွင်းလမ်းအကျော်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားနဲ့ ကုန်ကားတချို့ဟာ ၅ သောင်းကနေ ၂ သိန်းအထိ ပေးနေရတယ်လို့ ကိုယ်တိုင် ပေးဆောင်ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ဖြစ်ပွား၊ စစ်တပ်က မြေပြင်ကပါ ထိုးစစ်ဆင်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ‌ နေ့စဉ် ဖြစ်ပွားနေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချို သုံးဆယ်ရွာဘက်လာတဲ့ ကားသမားနှစ်ဦး ရက် ၂၀ ကြာတဲ့အထိ ပျောက်ဆုံးနေ

ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာဘက်လာတဲ့ ကားသမားနှစ်ဦး ရက် ၂၀ ကြာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်‌က ရွှေဖီမြေကို ပြောပါတယ်။