နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန် နောင်ချို နောင်လင်ရွာကို လေယာဉ်နဲ့ ဗုံးကြဲ၊ နေအိမ်တွေ ပျက်စီး

နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန် တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် နောင်လင်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချို သုံးဆယ်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်၊ အရပ်သား ၄ ဦး သေဆုံး

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးရှိ သုံးဆယ်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

နောင်ချိုရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်တပ် ပြန်သိမ်း

ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက လေယာဥ်နဲ့ ဟောင်ဝစ်ဇာအသုံးပြုပြီး တိုက်ခိုက်၊ အုမ္မခါးမှာလည်း စစ်ကောင်စီရဲ့ ဒရုန်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေယာဥ်နဲ့ ဟောင်ဝစ်ဇာအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

တန့်ယန်းမြို့က အမျိုးသားတစ်ဦး ၁ လကျော်ကြာတဲ့အထိ နောင်ချိုထဲမှာ ပျောက်ဆုံးနေ

ရှမ်းမြောက် တန့်ယန်းမြို့မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ မောင်ညီညီအောင်ဆိုသူဟာ နောင်ချိုမြို့ထဲမှာ ၁ လကျော်ကြာတဲ့အထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်လေးတွေ အများအပြား အပါအဝင် လူအစုလိုက် သေစေခဲ့တဲ့ နောင်ချိုမြို့ ပရိယတ္တိစာသင်တိုက်ရဲ့ မြင်ကွင်း

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်လေးတွေ အပါအဝင် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၃၀ နီးပါးရှိခဲ့တဲ့ နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ရဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ချို ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု ဒဏ်ရာပြင်းထန်တဲ့ ကိုရင်တွေထဲက ၁ပါး ထပ်မံပျံလွန်တော်မူ၊ သေဆုံးသူ ၁၅ ဦးအထိရှိလာ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုမှာ ဒဏ်ရာပြင်းထန်တဲ့ ကိုရင်တွေထဲက ၁ပါး ထပ်မံပျံလွန်တော်မူခဲ့ပြီး သေဆုံးသူ ၁၅ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲလို့ ကိုရင်(၈)ပါး၊ ဦးဇင်း(၁)ပါး၊ အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား (၂)ဦး စုစုပေါင်း ၁၄ ဦး သေဆုံး

တအာင်းတပ်(PSLF/TNLA)ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုရင် ၈ ပါး နဲ့ ဦးဇင်း ၁ပါး အပါအဝင် စုစုပေါင်း ဒေသခံ ၁၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။