အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲ လေယာဥ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဥ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်နဲ့ TNLA နောင်ချိုနဲ့သပိတ်ကျင်းမှာ တိုက်ပွဲ ဆက်ပြင်းထန်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင် လှုပ်ပြီးပြီးချင်း လေကြောင်းကနေ ဗုံးကြဲခံရလို့ ကျဆုံးသွားတဲ့ ဓနု စစ်မေ ၆ ယောက်နဲ့ တပ်သား ၁ ယောက်ရဲ့ ရက်လည် ပြုလုပ်

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုပ်ခတ်ပြီးချိန် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျဆုံးသွားခဲ့တဲ့ ဓနုတပ်- DPLF/DPLA ရဲ့ စစ်မေ ၆ ယောက်နဲ့ တပ်သား ၁ ယောက်ရဲ့ ရက်လည်ကို မနေ့ ဧပြီ ၄ ရက်က ပြုလုပ်ခဲ့တယ်လို့ ဓနုတပ်တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်က တောင်းခမ်းမှာ စစ်အင်အား ဖြည့်တင်းနေသလို ထိုးစစ် ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေ

တအာင်းတပ်မတော်- TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာရှိ စစ်တပ်စခန်းတွေမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်လာပါတယ်။

နောင်ချို ဆမ္မဆယ်ရွာကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ တစ်ဦး သေ

ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ ဗုံး ဆက်ကြဲကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တရုတ် ကြက်ခြေနီအသင်း ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံ ငလျင်ဘေးသင့်သူ‌တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်လာပါတယ်။

ငလျင်ဒဏ်သင့်သူအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်က နောင်ချို လွယ်ခွင်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၅ ဦး ဒဏ်ရာရ

ဒီနေ့ ဧပြီ ၁ ရက်မှာ ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဉ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဘေးသင့်နေသူကို ကယ်ဆယ်ဖို့ နိုင်ငံတစ်ဝန်းက ကြိုးစားနေချိန် စစ်ကောင်စီတပ်က နောင်ချို ကျောက်ကြမ်းရွာကို ဗုံးကြဲတိုက်ခိုက်

ငလျင်ဘေးသင့်တဲ့ လူထုတွေကို နိုင်ငံတစ်ဝန်းက ကူညီကယ်ဆယ်ဖို့ ကြိုးစားနေချိန် စစ်ကောင်စီတပ်က ရှမ်းမြောက် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ တောင်းခမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး TNLA ထံ လက်နက်ချ အလင်းဝင်

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး TNLA ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ TNLA က ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ငလျင် လှုပ်နေချိန်အတွင်း နောင်ချို နောင်လင်ရွာကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ ဓနုတပ်ဖွဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံး

မနေ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုတ်ခတ်နေချိန်အတွင်း နောင်ချိုမြို့နယ် နောင်လင်ရွာထဲ စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဓနုတပ်- DPLA ရဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး အရပ်သား ထိခိုက်မှုလည်း ရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။