Browsing Tag
Nawnghkio
179 posts
တောင်းခမ်း တိုက်ပွဲမှာ သုံ့ပန်း ၅ ဦးကို DPLA ဖမ်းမိ၊ တစ်ဦးဟာ ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ DPLF ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ညီအစ်ကိုအရင်း ဖြစ်နေ
နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နောင်ချိုမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ TNLA ထိန်းချုပ်ထားတဲ့နေရာတချို့ ပြန်လည် လက်လွှတ်နေရ
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအပြင် နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်ရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ နေ့စဥ်လိုလို တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
တောင်ခမ်းရှိ စစ်တပ်စခန်းကို TNLA က ဝိုင်းရံပိတ်ဆို့ထား၊ စစ်ကောင်စီတပ်က လေကြောင်း အသုံးပြုပြီး လက်နက်ခဲယမ်း ပို့ဆောင်နေ
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းတွေကို တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်တပ်က လေကြောင်း အသုံးပြုပြီးတော့ လက်နက်ခဲယမ်း ပို့ဆောင်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဘန့်ဘွေး-အင်ဝိုင်းကြား ဖွင့်ထားတဲ့ စစ်တပ်ဂိတ် ၃ ဂိတ်ကို ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီး ကြံကားတစ်စီးကို တစ်သိန်းခန့် တောင်း
ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်ကြားရှိ ဘန့်ဘွေး-အင်ဝိုင်းရွာကြားမှာ စစ်တပ်က ဂိတ် ၃ ဂိတ်ဖွင့်ပြီး ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီးတော့ ကြံကားတစ်စီးကို ငွေ ၁ သိန်းနီးပါး တောင်းနေပါတယ်။