Browsing Tag
Nawnghkio
179 posts
ငလျင်ဒဏ်သင့်သူအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်က နောင်ချို လွယ်ခွင်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၅ ဦး ဒဏ်ရာရ
ဒီနေ့ ဧပြီ ၁ ရက်မှာ ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဉ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ငလျင်ဘေးသင့်နေသူကို ကယ်ဆယ်ဖို့ နိုင်ငံတစ်ဝန်းက ကြိုးစားနေချိန် စစ်ကောင်စီတပ်က နောင်ချို ကျောက်ကြမ်းရွာကို ဗုံးကြဲတိုက်ခိုက်
ငလျင်ဘေးသင့်တဲ့ လူထုတွေကို နိုင်ငံတစ်ဝန်းက ကူညီကယ်ဆယ်ဖို့ ကြိုးစားနေချိန် စစ်ကောင်စီတပ်က ရှမ်းမြောက် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က သတင်းထုတ်ပြန်လာပါတယ်။
ငလျင် လှုပ်နေချိန်အတွင်း နောင်ချို နောင်လင်ရွာကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ ဓနုတပ်ဖွဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံး
မနေ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုတ်ခတ်နေချိန်အတွင်း နောင်ချိုမြို့နယ် နောင်လင်ရွာထဲ စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဓနုတပ်- DPLA ရဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး အရပ်သား ထိခိုက်မှုလည်း ရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန် နောင်ချို နောင်လင်ရွာကို လေယာဉ်နဲ့ ဗုံးကြဲ၊ နေအိမ်တွေ ပျက်စီး
နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန် တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် နောင်လင်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်တပ် ပြန်သိမ်း
ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက လေယာဥ်နဲ့ ဟောင်ဝစ်ဇာအသုံးပြုပြီး တိုက်ခိုက်၊ အုမ္မခါးမှာလည်း စစ်ကောင်စီရဲ့ ဒရုန်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေယာဥ်နဲ့ ဟောင်ဝစ်ဇာအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။