အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချို တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တိုက်ပွဲမှာ အဆိပ်ငွေ့ဗုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီတပ် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ၊ မဲပုတ်ရွာအထိ စစ်တပ်ရဲ့ထိုးစစ် ရောက်လာ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးဝန်းကျင်မှာ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုကို စစ်ကောင်စီတပ် ဗုံး ထပ်ကြဲလို့ ဒေသခံ ၁ ဦး ဒဏ်ရာရ

ဒီနေ့ ဧပြီ ၉ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် နမ့်ဆောင်းဟူးရွာကို ဗုံး ထပ်ကြဲချခဲ့ပြီး အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နောင်ချိုမြို့ရှိ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဖက်က လေယာဥ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖက်ကလည်း လေယာဥ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA ပြော

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်- TNLA က ထုတ်ပြန်ပါတယ်။

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲ လေယာဥ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဥ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်နဲ့ TNLA နောင်ချိုနဲ့သပိတ်ကျင်းမှာ တိုက်ပွဲ ဆက်ပြင်းထန်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင် လှုပ်ပြီးပြီးချင်း လေကြောင်းကနေ ဗုံးကြဲခံရလို့ ကျဆုံးသွားတဲ့ ဓနု စစ်မေ ၆ ယောက်နဲ့ တပ်သား ၁ ယောက်ရဲ့ ရက်လည် ပြုလုပ်

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုပ်ခတ်ပြီးချိန် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျဆုံးသွားခဲ့တဲ့ ဓနုတပ်- DPLF/DPLA ရဲ့ စစ်မေ ၆ ယောက်နဲ့ တပ်သား ၁ ယောက်ရဲ့ ရက်လည်ကို မနေ့ ဧပြီ ၄ ရက်က ပြုလုပ်ခဲ့တယ်လို့ ဓနုတပ်တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်က တောင်းခမ်းမှာ စစ်အင်အား ဖြည့်တင်းနေသလို ထိုးစစ် ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေ

တအာင်းတပ်မတော်- TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာရှိ စစ်တပ်စခန်းတွေမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်လာပါတယ်။

နောင်ချို ဆမ္မဆယ်ရွာကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ တစ်ဦး သေ

ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ ဗုံး ဆက်ကြဲကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။