နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်က တစ်ရက်အတွင်း အဆိပ်ငွေ့ဗုံး ၆ လုံး အသုံးပြုတိုက်ခိုက်

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ ဆက်တိုက် အသုံးပြုတိုက်ခိုက်နေပါတယ်။

နောင်ချို၊ လုံခံကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ၊ တောင်ခမ်းမှာ တိုက်ပွဲဆက်ဖြစ်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် လုံခံကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ကျောက်မဲက ဒေသခံအမျိုးသား ၂ ဦး နောင်ချိုမှာ ပစ်ခတ်ခံရပြီး သေဆုံး

တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲမှာ စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်းခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံး ဆက်တိုက်အသုံးပြုနေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံး ဆက်တိုက်အသုံးပြုနေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချို သစ်စက်ရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် သစ်စက်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချိုနဲ့ သပိတ်ကျင်းမှာ စစ်တပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ဆက်တိုက်ကြဲနေ

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ရက်အတွင်း လက်နက်ကြီး အကြိမ် ၁ ရာကျော် ပစ်ခတ်တိုက်ခိုက်၊ အဆိပ်ငွေ့ဗုံးနဲ့ပါ ဗုံးကြဲ

ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တစ်ရက်အတွင်း လက်နက်ကြီး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်းခမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နောင်ချိုအနီး နောင်လင်ရွာအထိ စစ်ကောင်စီတပ်ရဲ့ထိုးစစ် ရောက်လာ

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးအလုံး ၃၀ နီးပါး ကြဲချတိုက်ခိုက်

အပစ်ရပ်သက်တမ်း တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို Y-12 လေယာဉ်အသုံးပြုပြီး ဗုံး ၂၉ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အပစ်ရပ်သက်တမ်း ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်က နောင်ချို အုမ္မတီးရွာကို လေကြောင်းနဲ့ တိုက်ခိုက်

အပစ်ရပ်သက်တမ်း ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က ထုတ်ပြန်လာပါတယ်။