ကျင်းပဖို့ စီစဉ်ထားတဲ့ သင်္ကြန်ပွဲတော် ဖျက်သိမ်း၊ သင်္ကြန်ပွဲတော် ကျင်းပခွင့် မပြုကြောင်း တအာင်းတပ်ရဲ့ ဗဟိုအုပ်ချုပ်ရေးဌာန ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် လူထုတွေကို လူသားချင်း စာနာထောက်ထားမှုအနေနဲ့ တအာင်းဒေသတွင်း သင်္ကြန်ပွဲတော် ကျင်းပခွင့် မပြုတော့ကြောင်း တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဗဟိုအုပ်ချုပ်ရေးဌာနက ဒီနေ့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

နမ္မတူမှာ သက်တမ်းကုန်တဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှကုန်တွေကို မြို့နယ် ပြန်လည်ထူထောင်ရေး ကော်မတီက လိုက်လံစစ်ဆေး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ မြို့မဈေးထဲမှာ သက်တမ်းကုန်တဲ့ စားသောက်ကုန်၊ အလှကုန်နဲ့ ဆေးဝါးတွေကို မြို့နယ် ပြန်လည်ထူထောင်ရေး ကော်မတီက ဒီနေ့ မတ်လ ၂၁ ရက် မနက်ပိုင်းမှာ လိုက်လံစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

နောင်ချိုနဲ့ ပြင်‌ဦးလွင်ကြား ပျောက်ဆုံးသွားတဲ့ နမ္မတူက အမျိုးသား နေအိမ်သို့ ပြန်ရောက်

မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကြား ပျောက်ဆုံးနေတဲ့ နမ္မတူမြို့က အမျိုးသားဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် ညနေပိုင်းမှာ နေအိမ်သို့ ပြန်ရောက်လာပြီလို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူမြို့က အမျိုးသားတစ်ဦး ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ ပျောက်ဆုံးပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦးက ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ ‌တစ်ပတ်ကျော်ကြာတဲ့အထိ ပျောက်ဆုံးနေပြီး မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ္မတူမှာ အမျိုးသားတစ်ဦး ပျောက်ဆုံးပြီး ၆ ရက်အကြာမှာ အလောင်း ပြန်တွေ့

ရှမ်းမြောက် နမ္မတူမြို့နယ်မှာ အမျိုးသားတစ်ဦး ပျောက်ဆုံးပြီး ၆ ရက်အကြာမှာတော့ သေဆုံးနေတဲ့ အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

တစ်နိုင်တစ်ပိုင် ကြံသကာလုပ်ငန်း ဈေးကောင်း ရနေ

နမ္မတူမြို့နယ် မန်စံမိုင်းမုကျေးရွာအုပ်စုမှာ ပြောင်းဖူး စိုက်ပျိုးရေးကနေ ကြံစိုက်ပျိုးရေးလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာသူတချို့ဟာ ကြံသကာလုပ်ငန်းကနေ ဈေးကောင်း ရနေကြပါတယ်။

ကူမင်းမှာ ဆွေးနွေးနေချိန် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်အစပ်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ စစ်ရေးအရှိန် လျှော့ချရေး ဆွေးနွေးနေချိန် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ် အနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ကျောင်းဆရာဘဝကနေ စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ရပြီး ကျဆုံးခဲ့တဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေး

ကျောင်းဆရာဘဝကနေ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ တပ်သား စုဆောင်းတာ ခံရပြီး စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ခဲ့ရကာ ကျဆုံးသွားတဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေးမြင်ကွင်း ဖြစ်ပါတယ်။

နမ္မတူမြို့နယ်ထဲ ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ

တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ မြင်ကွင်းပဲ ဖြစ်ပါတယ်။

တအာင်းအလံ မလွှင့်ထူရင် အရေးယူမယ်ဆိုတာ မဟုတ်ဘဲ တအာင်းမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေ အလံ လွှင့်ထူစရာမလိုကြောင်း မြို့နယ်မှူးပြော

တအာင်းတပ်မတော်- PSLF/TNLA တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတဲ့ နမ္မတူမြို့မှာ တအာင်းအလံ မလွှင့်ထူရင် ဒဏ်ငွေ ရိုက်ကာ အရေးယူမယ်ဆိုတာ မဟုတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။