တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ စေတ်ရဲင် ဘည်ဒေါတိူဝ်ႈလည် ယိူဝ်ႇကဒါႇမူစယ် ဟာဝ်းကဒါႇအေဲမ်ခြီရ်

တိုအီးခေဲင်အရာပ်ကဲ က္လာင်းဒါႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ စေတ်ရဲင်ဘည်ဒေါတိူဝ်ႈလည် ယိူဝ်ႇကဒါႇကီုင်းမူစယ် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟာဝ်းကဒါႇကီုင်းအေဲမ်ခြီရ် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း TNLA ကဲအောႏ။

မူဆယ်ကနေ နမ့်ခမ်းဘက် ကုန်ပစ္စည်း သယ်ယူခွင့် စစ်ကောင်စီတပ်က တင်းကြပ်စစ်ဆေးနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ကနေ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ဘက်ကို ကုန်ပစ္စည်း သယ်ယူရာမှာ စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ ယာဉ်ထိန်းရဲတွေက ဒေသခံတွေဆီ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းတာတွေ လုပ်နေ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ယာဉ်ထိန်းရဲတွေက ဒေသခံတွေဆီ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ ထိန်းချုပ်တဲ့ တရုတ် – မြန်မာနယ်စပ် ကျင်စန်းကျော့မှာ ရေကြီးနေ

တရုတ် – မြန်မာ နယ်စပ်ဂိတ် ကျင်စန်းကျော့မှာ ဇူလိုင်လ ၃ ရက်နေ့ကစ ရေကြီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်ကျားဖျန်ရုံတစ်ခုက ကျားဖျန်လုပ်ကိုင်သူတွေဟာ နမ့်ခမ်းမြို့မ ပြည်သူ့စစ် (၂) ရုံးမှာ ဝင်ရောက်ခိုအောင်းနေ

တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ကျားဖျန်ရုံတစ်ခုက ကျားဖျန်လုပ်ကိုင်သူ အမျိုးသား ၂၀ ကျော်ဟာ မူဆယ်မြို့၊ မန်ဝိန်း (၂) လမ်းမှာရှိတဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်(၂) ရုံးမှာ သွားခိုအောင်းနေတယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မူဆယ်မှာ လက်ကို သံကြိုးနဲ့တုတ်ပြီး အမှိုက်ပုံမှာ လာရောက်စွန့်ပစ်ခဲ့တဲ့ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့ရှိ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ လက်ကို သံကြိုးနဲ့တုတ်ပြီး စွန့်ပစ်ခဲ့တဲ့ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတစ်ခုထံက သိရပါတယ်။

မူဆယ်မြို့ရှိ လောင်းကစားဝိုင်းမှာ ခိုးဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦး လိုက်လံ ပစ်ခတ်ခံရပြီး သေဆုံး

ဒုစရိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ ရှမ်းမြောက် မူဆယ်မြို့ပေါ်က လောင်းကစားဝိုင်းတစ်ခုမှာ ခိုးဖို့ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ရဲ့ လိုက်လံပစ်ခတ်တာ ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

SSPP ကဲတိုည်းဟာဝ်း ကောန်တဘိုက်တအာင်းကဲ 5 အီးခနား အေဲမ်ခြီရ် ကာည်း မူစယ်

ဖုင်ယဲဆျှိုည်ဖီမျေတခေါရ်နံပ် တံပ်ဆီုက်ဆျှံမ် SSPP ကဲတိုည်းဟာဝ်း ကောန်တဘိုက်တအာင်းကဲ 5 အီး ပဂေတ်စေတ်မေန်းတိုအီး အေဲမ်ခြီရ် ကာည်း မူစယ်နီန်အောႏ။

ဆင်ဖြူပေါက်ကနေ ပစ္စည်းသယ်သူတွေကို ရဲက ငွေ ဆက်တောင်းနေ

တရုတ်ဘက်ကနေ မြန်မာဘက်အထွက်ဖြစ်တဲ့ မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ ရဲတပ်ဖွဲ့က ပစ္စည်းသယ်သူတွေဆီကကနေ ကျပ် ၃ ထောင်ကနေ ၁ သောင်းကြား ဆက်လက် ကောက်ခံနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်မြို့ရှိ ကျားဖြန်ရုံတစ်ခုမှ တရုတ်အမျိုးသားတစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ရှိ ကျားဖြန်ရုံတစ်ခုမှ တရုတ်အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။