မူဆယ်မှာ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ အမျိုးသားဟာ မူးယစ်ဆေး သယ်ဆောင်လို့ ပစ်ခတ်တာ မဟုတ်ဘဲ မှားယွင်းပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစုဝင် ပြော
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် ဦးသန်းထွေးအောင်ဟာ မူးယစ်ဆေးသယ်ဆောင်လို့ ပစ်ခတ်တာ မဟုတ်ဘဲ မှားယွင်းပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။