Browsing Tag
Muse
81 posts
ပွဲစားကနေတဆင့် တရားမဝင် ခိုးပေါက်ကနေ တရုတ်ပြည်ဘက် ဝင်နေတဲ့သူတွေကို ရဲတွေက ငွေ အဆမတန် တောင်းတာတွေရှိသလို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေ
ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက်သို့ ပွဲစားကနေတစ်ဆင့် တရားမဝင် ခိုးပေါက်ကနေ ဝင်နေတဲ့သူတွေကို ရဲတွေက ငွေ အဆမတန် တောင်းတာတွေရှိသလို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ ပြန်လွှတ်လာတဲ့ ကိုအိုက်သန်းက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်ခရိုင် လဝက ဝန်ထမ်းတွေက BP စာအုပ်တစ်အုပ်ကို သိန်း ၁၀၀ နဲ့ တရားမဝင်လုပ်ပေးနေပြီး ရလာတဲ့ငွေကို အထက်သို့ အဆင့်ဆင့် လာဘ်ထိုးထား
ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ဝန်ထမ်းတွေဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့် (Border Pass- BP) ဒေသအခေါ် စာအုပ်အနီ တစ်အုပ်ကို ကျပ်သိန်း ၁၀၀ နဲ့ တရားမဝင် လုပ်ပေးနေတယ်လို့ လဝက ဝန်ထမ်းတွေဆီက စုံစမ်းသိရှိရပါတယ်။
မူဆယ်မြို့ လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွား၊ တစ်ပတ်အတွင်း လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်နေ
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ မူဆယ်မြို့က လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွားပြီး တစ်ပတ်အတွင်း မူဆယ်မှာ လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွါးထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မှာ နေအိမ်တစ်အိမ်က ပစ္စည်းတက်ခိုးဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ ဟိုနားရပ်ကွက်မှာရှိတဲ့ ရွှေစင်မင်း KTV လမ်းကြားမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့တယ်လို့ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်း အကျုံးဝင်သူတွေကို မူဆယ်ကနေ တရုတ်ပြည်ဘက် ဝင်ရောက်ဖို့ ကန့်သတ်လိုက်ပြီ
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက် သွားရောက် အလုပ် လုပ်ကိုင်သူထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ဝင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။