Browsing Tag
Muse
78 posts
တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆင်ဖြူဂိတ်မှာရှိတဲ့ လဝကတွေက သိမ်းဆည်းထားပြီး တစ်ထုပ်ကို ၃ သိန်းနဲ့ ပြန်ရွေးခိုင်း
တရုတ်ပြည်ကနေ မြန်မာဖက်ကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို မူဆယ်မြု့ ဆင်ဖြူဂိတ်မှာရှိတဲ့ လဝက (လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန) ဝန်ထမ်းတွေက သိမ်းဆည်းထားပြီး ပစ္စည်းတစ်ထုပ်ကို ၃ သိန်းကျပ်နဲ့ ပြန်ရွေးခိုင်းတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မူဆယ်မှာ အလုပ် သွားလုပ်တဲ့ အမျိုးသမီးငယ်တစ်ဦး ၁ လကျော် ကြာတဲ့အထိ ပျောက်ဆုံးနေပြီး လူကုန်ကူးခံရမှာကို စိုးရိမ်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့ မိုင်းယုလေးအုပ်စု လွယ်ပေါင်းရွာက အသက် ၁၇ နှစ်အရွယ် အေကီခေါ် မိမိခိုင်ဆိုသူဟာ နမ့်ဖတ်ကာကနေတဆင့် မူဆယ်မြို့ဘက် အလုပ် သွားလုပ်ရင်း ပျောက်ဆုံးသွားတယ်လို့ မိသားစုဝင် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မှာ ကြံ့ခိုင်ရေးရုံးအနီး ထင်း လာကောက်တဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ် အရာရှိတစ်ဦးက ဖမ်းဆီးပြီး အပြင်းအထန် ရိုက်နှက်ခဲ့
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အရာရှိတစ်ဦးက ထင်း ကောက်နေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ် ဆင်ဖြူပေါက်ဂိတ်မှာ လဝက အရာရှိတစ်ဦးက ပစ္စည်းသယ်တဲ့ အမျိုးသမီးတစ်ဦးကို မူးလဲတဲ့အထိ ရိုက်နှက်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်မှာ မူဆယ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ရဲ့ အရာရှိတစ်ဦးက အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူးလဲတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မြို့မှာ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ၊ တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသားတစ်ဦးကို အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားပြီး တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရ
နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ မူဆယ်မြို့ ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ဖြစ်ပွားခဲ့တဲ့ ကားခိုးမှုပြဿနာမှာ ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်အချင်းချင်းကြား ကားခိုးမှုဖြစ်ပွားပြီး ကားခိုးတဲ့ ပြည်သူ့စစ်နှစ်ဦးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တချို့က ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။