မူဆယ်ခရိုင် လဝက ဝန်ထမ်းတွေက BP စာအုပ်တစ်အုပ်ကို သိန်း ၁၀၀ နဲ့ တရားမဝင်လုပ်ပေးနေပြီး ရလာတဲ့ငွေကို အထက်သို့ အဆင့်ဆင့် လာဘ်ထိုးထား

ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ဝန်ထမ်းတွေဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့် (Border Pass- BP) ဒေသအခေါ် စာအုပ်အနီ တစ်အုပ်ကို ကျပ်သိန်း ၁၀၀ နဲ့ တရားမဝင် လုပ်ပေးနေတယ်လို့ လဝက ဝန်ထမ်းတွေဆီက စုံစမ်းသိရှိရပါတယ်။

မူဆယ်မြို့ လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွား၊ တစ်ပတ်အတွင်း လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်နေ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ မူဆယ်မြို့က လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွားပြီး တစ်ပတ်အတွင်း မူဆယ်မှာ လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွါးထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ ကားတစ်စီး ဓာတ်တိုင် ဝင်တိုက်ရာကနေ တိမ်းမှောက်၊ တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်မြို့နယ်မှာ ကားတစ်စီး ဓာတ်တိုင်တစ်ခု ဝင်တိုက်မိရာကနေ တိမ်းမှောက်လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မူဆယ်မှာ နေအိမ်တစ်အိမ်က ပစ္စည်းတက်ခိုးဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ ဟိုနားရပ်ကွက်မှာရှိတဲ့ ရွှေစင်မင်း KTV လမ်းကြားမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့တယ်လို့ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတစ်ဦးက ပြောပါတယ်။

မူဆယ်မှာ ဗန်းမော်က လူငယ်အမျိုးသမီး ၁ ဦး K ရှူလွန်ပြီး သေဆုံး

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ ဗန်းမော်မြို့ဘက်က လူငယ်အမျိုးသမီး ၁ ဦး KTV တွေမှာ အသုံးများတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့ အမှုန့်ကို အရှူလွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်ကနေ တရုတ်ပြည်ထဲ ဝင်မယ့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေ ၃ သိန်း တောင်း

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ စစ်တပ်က တရုတ်ပြည်ထဲဝင်ဖို့သွားတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ငွေ ၃ သိန်း တောင်းယူခဲ့တယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်း အကျုံးဝင်သူတွေကို မူဆယ်ကနေ တရုတ်ပြည်ဘက် ဝင်ရောက်ဖို့ ကန့်သတ်လိုက်ပြီ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက် သွားရောက် အလုပ် လုပ်ကိုင်သူထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ဝင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ ‌မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ အမျိုးသားဟာ မူးယစ်ဆေး သယ်ဆောင်လို့ ပစ်ခတ်တာ မဟုတ်ဘဲ မှားယွင်းပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစုဝင်‌ ပြော

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် ဦးသန်းထွေးအောင်ဟာ မူးယစ်ဆေးသယ်ဆောင်လို့ ပစ်ခတ်တာ မဟုတ်ဘဲ မှားယွင်းပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစု‌ဝင်က ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ မူးယစ်ဆေး သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံး

စစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မူးယစ်ဆေး သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။