မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ဦး အနည်းဆုံးသေဆုံး

PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် အနည်းဆုံး ၂ဦး ဦးသေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၈ ရက် မနက် ၉ နာရီနဲ့ ၉ နာရီခွဲခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား အနည်းဆုံး ၃ ဦးသေဆုံး

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်း‌တိုက်ခိုက်လို့ အရပ်သား အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိခိုက် သေဆုံးမှုရှိနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဂေါႇမိုႈ ဘြည်က္လာည်းကဆဝ်းဇာဝ်း ပမိုဂူႈနီန် ပဲန်ဟာဝ်းအိုမ်ဒါင်းအိုမ်နိုက်

ကဝ်အီနံပ်ဘည်မိုႈဘည်ဘာည်း ကောန်အီမာည်းအူအီးက္လာင်းဒါႈ ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပကီုင်းမိုဂူႈ ကဒါႇလေႈဆာင်ငည်းနီန် ဂေါႇမိုႈ ဘြည်က္လာည်းကဆဝ်းဇာဝ်း ပဲန်ဟာဝ်းအိုမ်ဒါင်းအိုမ်နိုက်နီန်အောႏ။

မိုးဆက်တိုက်ရွာသွန်းတာကြောင့် မိုးကုတ်မြို့လမ်းပိုင်းနေရာတချို့ ပြိုကျ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်တဲ့ မိုးကုတ်မြို့မှာ မိုးတွေအဆက်မပြတ် ရွာသွန်းတာကြောင့် လမ်းပိုင်းနေရာတချို့ ပြိုကျတာတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွား

တအာင်းတပ်မတော်-PSLF/ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံတွေ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ ဓားပြအဖွဲ့နဲ့ တအာင်းရဲတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဓားပြ ၁ ဦး သေဆုံး ၃ ဦး ဖမ်းမိ၊ တအာင်းရဲတပ်ဖွဲ့ဘက်က ၁ ဦး ကျဆုံး

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ TNLAရဲ့ ရဲတပ်ဖွဲ့က ဓားပြတိုက်သူ‌တွေကို လိုက်လံ‌ဖမ်းဆီး‌နေချိန် အဲဒီဓားပြအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်း လေကြောင်းကနေ ဗုံးကြဲခံရ၊ ဒေသခံ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မှာ သဲတင်ကား ဝင်တိုက်မိလို့ အသက် ၆၂ အရွယ် အဖွားတစ်ဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သဲတင်တဲ့ကားတစ်စီးက ရပ်ကွက်ထဲက အသက် ၆၂ အရွယ် အဖွားကို တိုက်မိလို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။