‎မန္တလေး ဈေးချိုက ဆိုင် ၅၀ ကျော် စစ်ကောင်စီတပ် ဖျက်ဆီး

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဈေးချိုမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီးနောက် လမ်းဘေးဈေးဆိုင် ၅၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ရဲက ဖျက်ဆီးခဲ့ကြောင်း မြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မန္တလေးမှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေကို အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေ

‎မန္တလေးတိုင်း ‌ချမ်းအေးသာစံမြို့နယ်ရှိ ဈေးချိုနဲ့ လမ်းသွယ်တချို့မှာ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်က ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသူတွေကို ဒီနေ့ မနက် ဒီဇင်ဘာ ၄ ရက်အထိ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးရှာဖွေခဲ့ကြောင်း မြို့ခံအမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။

မတ္တရာ ရထားလမ်းဘေးက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီက အဓမ္မဖယ်ရှား၊ ဒေသခံတွေ ဒုက္ခရောက်နေ

အောင်မြေသာစံမြို့နယ် ထန်းတောနဲ့ အိုးဘိုရပ်ကွက်မှာရှိတဲ့ မန္တလေး-မတ္တရာ ရထားလမ်းဘေးက နေအိမ်တွေကို စစ်ကောင်စီက အဓမ္မ ဖြိုဖျက်ဖယ်ရှားနေတာကြောင့် ဒုက္ခရောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားတာင်အိုမ်ပျြံင်ထာတ် အီနံင်တိုန်းဟိုက်ကဒါႇ ကပီုန်ဆျှံမ်ကဒါႇပိူည်နီန် 4ကြောင် ကဆူမ်းဟာဝ်း ပမာန်းတလေး

တိုအီးခေဲင်အရာပ်ကဲ က္လာင်းတဆျှိုည်ဖီမျေဒါႈ ကားတာင်အိုမ်ပျြံင်ထာတ် 4ကြောင် အ်ုန်အီနံင်တာင်းတိုန်းဟိုက် ပကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈဒီ ပ်ုန်ပ္လဘည်တာင်တိုန်းအိုမ်ပျြံင်ထာတ်နီန် ကဆူမ်းဟာဝ်း ခည်ကျံရ်အံက်တိုဘာ ဆငည်း 29ဒိူန်အောႏ။

ရှမ်းမြောက်ကိုပို့မယ့် စက်သုံးဆီတင် တွဲကား ၄ စီး မန္တလေးမှာ မီးလောင်

စစ်ကောင်စီက စက်သုံးဆီ တင်ပို့မှု ကန့်သတ်ထားတဲ့ ရှမ်းမြောက်ကို ပို့ဆောင်မယ့် ဆီတင်တွဲကား ၄ စီးဟာ ဒီနေ့ နေ့လယ်ပိုင်းက မန္တလေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဒဏ်သင့် ဖြိုလက်စအဆောက်အဦးပြိုကျတာကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ ငလျင်ဒဏ်သင့် ဖြိုလက်စအဆောက်အဦးတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။

အဆောက်အဦးပြိုကျမှုအတွင်း ၄ နာရီနီးပါးကြာ ပိတ်မိနေသူ အမျိုးသားကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် အထပ်မြင့်တည်းခိုခန်းတစ်ခုကို ဖြိုဖျက်နေချိန် အနီးဝန်းကျင်က နေအိမ်တစ်လုံးပေါ်ကို ပြိုကျခဲ့ရာကနေ အိမ်အတွင်း ၄ နာရီနီးပါးကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပရဟိတအသင်းသားတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေး ရောက်နေချိန် နန်းတွင်းထဲ ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးကို ရောက်ရှိနေချိန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေချတပ်စွဲထားတဲ့ နန်းတွင်းထဲ ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar- BWM တပ်ဖွဲ့ဝင်နဲ့ ဒေသခံတွေက ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် မင်းကွန်းနဲ့မတ္တရာနယ်က စစ်ရှောင်တွေ စားရေးသောက်ရေး အခက်အခဲကြုံနေရ

မိုးရွာသွန်းမှုများပြားတာကြောင့် မင်းကွန်းဒေသနဲ့ မတ္တရာမြို့နယ်တွေက စစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်စားသောက်ရေးအတွက် အခက်တွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင် ဗုံးကြဲခံရလို့ နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့တယ်လို့ PPNM ထုတ်ပြန်

မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ဗုံးကြဲခံရလို့ အကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။