မကွေးနယ်စပ်တစ်လျှောက် တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်သားကို PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးအပါအဝင် ၁၀ ဦး သေဆုံး

ရခိုင်-မကွေးနယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲကနေ ထွက်‌ေပြးလာတဲ့ စစ်ကောင်စီတပ်သားကို PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ PRF-Magway က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဆိုင်ကယ်နဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်ကို PRF-Magway က ခြုံခိုတိုက်ခိုက်ရာ ၃ ဦး သေဆုံး

မကွေးတိုင်း ငဖဲမြို့နယ် မျှော်စင်ရွာ အနောက်ဘက် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်ကို PRF-Magway က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ PRF-Magway မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ရွှေဖီမြေကို‌ ပြောပါတယ်။