ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ ကပစ ၁၈ က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ အမှတ် (၁၈) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပဲခူးနဲ့ မကွေးတိုင်းမှာ မဲရုံတွေ တိုက်ခိုက်ခံရပြီး ခရိုင်ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးသေဆုံး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တချို့ ဒဏ်ရာရ

ပဲခူးတိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲရုံတွေ တိုက်ခိုက်ခံရပြီး ခရိုင်ထွေအုပ် ညွှန်ကြားရေးမှူးတစ်ဦး သေဆုံးကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်မြို့နယ်က စစ်ဘေးရှောင် ၅ ထောင်ကျော် အရေးပေါ် အကူအညီလိုအပ်

မကွေးတိုင်း ပေါက်မြို့နယ်မှာ ရက်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၁၁ ရွာက လူဦးရေ ၅ ထောင်ကျော်ဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဓ္ဓမပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦးမှ ချင်းတော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်

မကွေးတိုင်း ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အဓ္ဓမပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ချင်းကာကွယ်ရေးတပ်-အရှိုထံ လက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံ ၁သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁သောင်း နီးပါး ဘေးလွတ်ရာ‌နေရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။

ဆုဒါင်းထီ အီမိုႈဆု 500ဆဲန် ကနာည်ထီကျံရ်အောဂ်ုတ် ဇီုင်းပိင်ငျာခြိူဝ်းတအာင်းကဲနီန်မိုႈ တာမ်အီအွံရ် ကပီုန်ဒါင်းပကွေး NUG အ်ုန်အီဇီုဝ်ကိုဝေလင်းနီန် အီပေါက်ဟာဝ်း

ဘိူန်းအယ်နံပ်မိုႈတ ဆုဒါင်းထီ အီမိုႈဆု 500ဆဲန် ကနာည်ထီကျံရ်အောဂ်ုတ် ဇီုင်းပိင်ငျာခြိူဝ်းတအာင်းကဲနီန်မိုႈ တာမ်အီအွံရ် တံပ်လံပ်ကတ်ုမ်ကူန်ရဝ်မာဂါင် ကပီုန်ဒါင်းပကွေး NUG အ်ုန်အီဇီုဝ်ကိုဝေလင်းနီန်မိုႈ အီပေါက်ဟာဝ်းအောႏ။

တအာင်းပညာရေးထီရဲ့ ဩဂုတ်လအတွက် အမြင့်ဆုံး သိန်း ၅၀၀ ဆုကို NUG ရဲ့ မကွေးတိုင်း ဒုတိုင်းတာဝန်ခံ ကို ဝေလင်း ဆွတ်ခူးရရှိ

တအာင်းပညာရေးထီရဲ့ ဩဂုတ်လအတွက် အမြင့်ဆုံး သိန်း ၅၀၀ ထီဆုကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ မကွေးတိုင်း ပြည်သူ့လုံခြုံရေးတပ် ဒုတိုင်းတာဝန်ခံ ကို ဝေလင်း က ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် အိုင်းရင်းရွာနဲ့ ရွာသစ်ရွာကြားကို စစ်ကောင်စီတပ်က စက်တပ်လေထီး နှစ်စီးနဲ့ ဗုံး ၃ လုံးလာကြဲတိုက်ခိုက်တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ်တစ်လုံး ပျက်စီး

မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းက အိုင်းရင်းရွာနဲ့ ရွာသစ်ရွာ အနောက်မြောက်ပိုင်းကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနှစ်စီးနဲ့ ဗုံး ၃ လုံး လာကြဲတိုက်ခိုက်သွားတယ်လို့ We Love Myaing မှ ထုတ်ပြန်ထားပါတယ်။

ဆောနယ်က ညောင်ကန်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့နယ် ညောင်ကန်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရာသီအကူးပြောင်းကြောင့် မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းက ရဲဘော်တွေ အရေပြားရောဂါကို ဆိုးရွားစွာခံစားနေရ

မကွေးတိုင်းမှာ အခြေစိုက်တပ်စွဲထားတဲ့ NUG လက်အောက်ခံ မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်းမှ ရဲဘော်တွေဟာ ရာသီအကူးပြောင်းမှုနဲ့ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါကို ဆိုးရွားစွာ ခံစားနေရကြောင်း မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။