Over 1,500 IDPs from Namtu, Hsipaw Need Aid in Lashio

More than 1,500 internally displaced persons (IDPs) from Namtu and Hsipaw townships who fled to Lashio, the junta-controlled capital of northern Shan State, due to the junta’s airstrikes are in need of assistance, according to those assisting the IDPs.

လားရှိုးမှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကားအုပ်စုလိုက်စီးပြီး ကားတစ်စီးကို ဓားပြတိုက် လုယက်ခဲ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကားတစ်စီးကို ဓားပြတိုက်လုယက်ခဲ့ရတယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ရောက်နေတဲ့ နမ္မတူနဲ့ သီပေါမြို့နယ်က စစ်ရှောင် ၁၅၀၀ ကျော်အတွက် အကူအညီလိုအပ်နေ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် ရှမ်းမြောက် လားရှိုးမြို့မှာ ရောက်နေတဲ့ နမ္မတူနဲ့ သီပေါမြို့နယ်က စစ်ရှောင် ၁၅၀၀ ကျော်အတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေက ပြောပါတယ်။

လားရှိုးမှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစု စိတ်မဝင်စား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မဲဆန္ဒရှင်တွေကို မဲစာရင်းလာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောနေပေမယ့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစု စိတ်မဝင်စားကြဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးကို စစ်ရှောင်သွားကြတဲ့ ကျောက်မဲနဲ့ သီပေါက ဒေသခံနှစ်ဦး အချိန်မှီ ဆေးမကုနိုင်တာကြောင့် သေဆုံး

တိုက်ပွဲတွေကြောင့် လားရှိုးမြို့ထဲကို စစ်ရှောင်သွားကြတဲ့ ရှမ်းမြောက် ကျောက်မဲက ဒေသခံတစ်ဦးနဲ့ သီပေါက ဒေသခံတစ်ဦး အချိန်မှီ ဆေးမကုသနိုင်တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

လားရှိုးမြို့ ရမခတိုင်းထဲမှာ စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အခိုင်အမာပြုလုပ်ပြီး ခံစစ်ပြင်နေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတွေ အခိုင်အမာလုပ်ပြီး ခံစစ်ပြင်နေတယ်လို့ ရမခတိုင်းတွင်းထဲက အခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလာဆေဝ်နီန် ဖုင်တံပ်ပလိက်ကဲ တောႇဟာဝ်းဖါႈတိုအီး‌ခေဲင်ဇံင် ကဲအီ အာဝ်ဟာဝ်းတိူရ်ႈ စြာင်းဆလာက်နီန် ကထာႇဟာဝ်း ကလာကဲ ဆဲႈဒီန် ဆူည်ႇဘိုးကဲထာမ်းတာမ်ရိူန်း

ကဝ်အီကဒံပ်တောပ်တကဲ အီကတူႈကငျားနီန် အူအီးက္လာင်းတဖုင်ဆျိုည်ဖီမျေဒါႈ ဒီန်ထိင်ခြဲ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခေဲင်ကီုင်းလာဆေဝ်နီန် ‌ဖုင်ပလိက်ကဲတောႇဟာဝ်းတိုအီး အီအာဝ်ဒေဲႈတိူရ်ႈစြာင်းဆလာက် ကနာည်ပ္လေါည်က်ုန်ရံရ်နီန် ကထဖါ်ႈကလာကဲ ဆူည်ႇဘိုးကဲထာမ်းတာမ်ရိူန်းအောႏ။

လားရှိုးမှာ မဲစာရင်း လာမကြည့်လို့ဆိုပြီး ရပ်ကွက်က လူတွေကို ရဲစခန်းအထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတာတွေ ရှိနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရွေးကောက်ပွဲအတွက် မဲစာရင်း လာမကြည့်တဲ့ သူတွေကို ရဲစခန်းထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ မဲဆန္ဒရှင် မဲစာရင်း လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လော်စပီကာနဲ့ မြို့တွင်း လိုက်လံ ဆော်ဩနေ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မဲဆန္ဒရှင် မဲစာရင်း လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လော်စပီကာနဲ့ မြို့တွင်း လိုက်လံဆော်ဩနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့နယ်က ၁၆ နှစ်အရွယ် ကလေးတစ်ဦး မူးယစ်ဆေး သုံးတယ်ဆိုပြီး MNDAA က ထောင်ဒဏ် ၄ လ ချမှတ်ပြီးတော့ စစ်မှုထမ်းခိုင်း

ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး ကိုးကန့်တပ်- MNDAA က ဖမ်းဆီးပြီး ထောင်ဒဏ် ၄ လ ချမှတ်ခဲ့တယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။