လားရှိုး မြို့ဝမ်လမ်းထဲ သေနတ် ကိုင်ဆောင်ထားတဲ့ လူငယ်အမျိုးသား ၅ ဦးက ကုန်စုံဆိုင်တစ်ဆိုင်ကို ဓားပြ ဝင်တိုက်

ဒီနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက်(၁၀) မြို့ဝမ်လမ်းထဲက ဆိုင်တစ်ခု ဓားပြ တိုက်ခံခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့အနီး ခေးနင်းရွာမှာ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖခင်ကို သတ်ပြီး ကားကို ယူဆောင်သွား၊ တရားခံကို ဖမ်းပေးဖို့ မိသားစုဝင် တောင်းဆို

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ခေးနင်းကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖခင်ဖြစ်သူ သတ်ခံခဲ့ရတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှုအနေနဲ့ လားရှိုးမှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်အပါအဝင် ဘယ်ပွဲတော်မှ မကျင်းပဖို့ MNDAA ဗဟို ထုတ်ပြန်

တစ်နိုင်ငံလုံး ငလျင်ဘေးဒဏ် ခံနေရချိန်မှာ လူသားချင်း စာနာထောက်ထားမှုထားပြီး လားရှိုးမြို့မှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်နဲ့ တခြားပျော်ပွဲရွှင်ပွဲတွေ မကျင်းပဖို့ ကိုးကန့်တပ်မတော်- MNDAA က ဒီနေ့ တရားဝင်စာ ထုတ်ပြန်လာပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူကို လားရှိုး ပြည်သူ့ဆေးရုံမှာ အခမဲ့ ကုသပေးမယ်လို့ MNDAA ထုတ်ပြန်

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ တခြားဒေသက ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူထုတွေအနေနဲ့ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုး ပြည်သူ့ဆေးရုံမှာ အခမဲ့ လာကုနိုင်​တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ပြန်ဝင်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ပြန်ဝင်လာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသသူတွေ တစ်ည ၁ သောင်းခွဲကနေ ၅ သောင်းအထိ ပေးနေရ၊ လျှော့ကောက်ပေးဖို့ ဒေသခံတွေ တောင်းဆို

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုး ပြည်သူ့ဆေးရုံမှာ လူနာတွေဟာ တစ်ညကို ၁ သောင်းခွဲကနေ ၅ သောင်းအထိ ပေးနေရတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရပါတယ်။

လားရှိုးမြို့ရှိ KTV၊ အနှိပ်ခန်းမှာ အလုပ် လုပ်‌နေသူတွေကို ကာကွယ်ဆေး ထိုးပေးနေ

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာရှိ‌တဲ့ KTV နဲ့ အနှိပ်ခန်းမှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေကို ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနက ကာကွယ်ဆေး ထိုးပေးနေပါတယ်။

မြန်မာ့ပြည်တွင်းရေးအပေါ် တရုတ်အစိုးရရဲ့ ဝင်ရောက်စွတ်ဖက်မှုကို ဆန့်ကျင်ကြောင်း လားရှိုးဒေသခံတွေ ဆန္ဒပြ

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြန်မာ့ပြည်တွင်းရေးအပေါ် ဝင်ရောက်စွတ်ဖက်မှု လုပ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ပြောက်ကြားလှုပ်ရှားမှုသပိတ်တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ်က အမျိုးသမီးတစ်ဦး ခြံရှင်းနေချိန် စစ်ကျန်လက်နက် ပေါက်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရ

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် ကြာကန်နောင်လိုင် (ခ) နောင်မိုကျေးရွာက အမျိုးသမီးတစ်ဦးဟာ ခြံရှင်းနေရင်း မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကို ပေါက်ပြားနဲ့ ပေါက်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း အစ်မဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ MNDAA တပ်သားတစ်ဦးက လက်ပစ်ဗုံးဆော့ကစားရာကနေ ပေါက်ကွဲပြီး ဒဏ်ရာရ

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် မန်ဆန်ရေကျကျေးရွာမှာ ကိုးကန့်တပ်မတော်-MNDAA ရဲ့ တပ်သားတစ်ဦးက လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။