Browsing Tag
Lashio
95 posts
လားရှိုးအဝင်မှာ ကုန်ကားနဲ့ အိမ်စီးကားတွေကို စစ်ကောင်စီ ငွေ စတောင်းပြီ၊ တစ်ရက် သိန်းထောင်ချီနီးပါး ရနိုင်
ဒီနေ့ ဧပြီ ၂၄ ရက်မှာ လားရှိုး-သိန္နီအထွက် အေတီတံတားမှာ လုံခြုံရေးတာဝန် ယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုန်ကားနဲ့အိမ်စီးကားတွေကို ငွေ စတောင်းနေပြီဖြစ်ပြီး တစ်ရက်ပျှမ်းမျှ ဝင်ငွေ သိန်းထောင်ချီ ရှိနိုင်တယ်လို့ ပေးဆောင်ခဲ့ရသူ ကုန်ကားမောင်းသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မေလအတွင်း လားရှိုးမြို့ထဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်း စတင်လည်ပတ်မှာဖြစ်ပြီး အေတီတံတားမှာ စစ်တပ်က ဖြတ်သန်းသွားလာသူတွေကို ငွေတောင်းနေ
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ် ပြန်လည် အုပ်ချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့မှာ လာမယ့် မေလထဲ အုပ်ချုပ်ရေးလုပ်ငန်း စတင်လည်ပတ်မှာဖြစ်တယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော်ရှိပြီး စစ်အင်အား ၂ ထောင်ကျော်ရှိနိုင်၊ လားရှိုးမြို့တွင်းကနေ ကိုးကန့်တပ် ဆုတ်ခွာ
မနေ့ ဧပြီ ၂၂ ရက်မှာ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်အုပ်ချုပ်ဖို့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော်ရှိပြီး စစ်အင်အား ၂ ထောင်ကျော် ရှိနိုင်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးကို စစ်ကောင်စီထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်ပြော
ကိုးကန့်တပ်မတော်- MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လားရှိုးမြို့ထဲ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီ ယာဉ်တန်း အစီးရေ ၁၅၀ ကျော် ဝင်ရောက်လာပြီဖြစ်
ဒီနေ့ ဧပြီ ၂၂ ရက် မနက် ၈ နာရီခွဲကစပြီး တန့်ယန်းလမ်းဘက်ကနေ လားရှိုးမြို့ထဲ စစ်ကောင်စီယာဉ်တန်း ဆက်တိုက် ဝင်လာနေပြီး လက်ရှိအချိန်ထိ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီယာဉ်တန်း အစီးပေါင်း ၁၅၀ ကျော် ရှိလာပြီဖြစ်တယ်လို့ မြေပြင်ရှိဒေသခံတွေက ပြောဆိုပါတယ်။