လားရှိုးမှာ တရုတ်နှစ်သစ်ကူးပွဲပြီးရင် လောင်းကစားဝိုင်းတွေကို ပြန်လည် တင်းကြပ်မယ်လို့ဆို

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ တရုတ်နှစ်သစ်ကူးပွဲပြီးရင် လောင်းကစားဝိုင်းတွေကို ပြန်လည်တင်းကြပ်မယ်လို့ MNDAA ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

လားရှိုးမှာ ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေး အခမဲ့ ထိုးပေးနေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေး အခမဲ့ ထိုးပေးနေတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးက မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးနဲ့ ကွတ်ခိုင်မှာ လောင်းကစားဝိုင်းတွေ ဆက်ဖွင့်နေ

တရုတ်နှစ်သစ်ကူးပွဲတော် ပြီးသွားပေမဲ့ ရှမ်းမြောက် လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ်မှာ လက်ရှိအချိန်ထိ လောင်းကစားဝိုင်း ဆက်လက် ဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လားရှိုးနဲ့ မိုင်းယော်ကြားမှာရှိတဲ့ TNLA ဂိတ်တစ်ခု ကုန်စည်ခွန်ဆိုပြီး ငွေ အဆမတန် တောင်းတာတွေ ရှိနေ

ရှမ်းမြောက် လားရှိုးမြို့နဲ့ မိုင်းယော်ကြားမှာရှိတဲ့ TNLA ဂိတ်တစ်ခုဟာ ကုန်စည်ခွန်ဆိုပြီး ငွေ အဆမတန် တောင်းနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် လားရှိုးကနေ ပြန်ဆုတ်ရမယ်လို့ တရုတ်ကိုယ်စားလှယ်တစ်ဦးက တရုတ်နှစ်သစ်ကူးပွဲမှာပြောတဲ့ ရုပ်သံဖိုင် ပြန့်နှံ့နေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ ပြန်ဆု‌တ်ရမယ်လို့ တရုတ်ကိုယ်စားလှယ်တစ်ဦးက ကိုးကန့်တပ် ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲ‌တော်မှာ ပြောဆိုခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ယက်မှာ ပြန့်နှံ့နေပါတယ်။

လားရှိုးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူကို ကိုးကန့်တပ်က အခမဲ့ ကုသပေးမယ်

ရှမ်းမြောက် လားရှိုးမြို့မှာ ကိုးကန့်တပ်မတော်- MNDAA က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူတွေကို အခမဲ့ ကုသပေးမယ်လို့ လားရှိုးမြို့ရဲ့ နယ်မြေမှူးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး ကောင်းကျဲအုပ်စုထဲက ကျေးရွာတွေမှာ SSPP နဲ့ KIA ဆန်နဲ့ငွေ တောင်းခံ၊ ဇန်နဝါရီလအတွင်း အပြီးပေးခိုင်းနေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လာရှိုးမြို့နယ် ကောင်းကျဲအုပ်စုထဲရှိ ကျေးရွာတွေမှာ ရှမ်းပြည်တပ်မတော်- SSPP နဲ့ ကချင်တပ်မတော်- KIA က ဆန်နဲ့ငွေ တောင်းခံနေပြီး ဇန်နဝါရီလအတွင်း အပြီးပေးခိုင်းနေပါတယ်။

စစ်ကောင်စီတပ်နဲ့ MNDAA အပစ်ရပ်ပြီးနောက် လားရှိုးကနေ စစ်ရှောင်သွားသူတချို့ နေရပ်သို့ ပြန်လာ

စစ်ကောင်စီတပ်နဲ့ MNDAA အပစ်ရပ်ပြီးနောက် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကနေ စစ်ရှောင်သွားတဲ့ ဒေသခံတချို့ နေရပ်သို့ ပြန်လာကြပါတယ်။

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်အကြား အပစ်ရပ်တာ မှန်ပေမဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုး ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြော

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်- MNDAA တို့အကြား အပစ်ရပ်တာ မှန်ပေမဲ့ ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုး ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးက ရပ်ကွက်တချို့မှာ သူခိုးတွေ သောင်းကျန်းနေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က ရပ်ကွက်တချို့မှာ သူခိုးတွေ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။