ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူကို လားရှိုး ပြည်သူ့ဆေးရုံမှာ အခမဲ့ ကုသပေးမယ်လို့ MNDAA ထုတ်ပြန်
မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ တခြားဒေသက ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူထုတွေအနေနဲ့ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုး ပြည်သူ့ဆေးရုံမှာ အခမဲ့ လာကုနိုင်တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။