လားရှိုးမြို့ထဲ အသွားအလာ တိတ်ဆိတ်ပြီး ဆိုင်တချို့ ပိတ်၊ မြို့အဝင်အထွက်ကို ကိုးကန့်တပ် ပိတ်

ဒီနေ့ ဧပြီ ၂၀ ရက် လားရှိုးမြို့တွင်းထဲ လူအသွားအလာ နည်းပါးနေပြီး ဆိုင်တချို့လည်း ပိတ်ထားကြတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်အထူးသံတမန် တိန်ရှီကျွင်းကိုယ်တိုင် လားရှိုးကို ရောက်နေပြီး လားရှိုးမြို့ လွှဲပြောင်းရေး တာဝန်ယူ ဆောင်ရွက်နေ

မနေ့ ဧပြီ ၁၈ ရက်က စစ်ကောင်စီကိုယ်စားလှယ်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျွင်းကိုယ်တိုင်ဦးဆောင်ပြီး လားရှိုးမြို့ထဲ ရောက်ရှိလာပြီးတော့ ကိုးကန့်တပ်ဆီကနေ လားရှိုးမြို့ လွှဲပြောင်းရယူရေး ကိုယ်တိုင် ဆောင်ရွက်ပေးနေတယ်လို့ အခြေနေသိရှိတဲ့ လားရှိုးမြို့ရှိ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

လားရှိုးမြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီ ထိပ်ပိုင်းအရာရှိတွေ ဆင်နှစ်ကောင်ဟိုတယ်မှာ တည်းခိုနေ၊ ကိုးကန့်တပ် အုပ်ချုပ်ရေးမှာ ပါဝင်သူတွေ လုံခြုံရေး စိုးရိမ်နေရ

ရှမ်းမြောက် လားရှိုးမြို့ကို ပြန်လည် အုပ်ချုပ်ဖို့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ကောင်စီ ထိပ်ပိုင်းအရာရှိတွေ ဆင်နှစ်ကောင်ဟိုတယ်မှာ တည်းခိုနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ် လားရှိုးမြို့ထဲ ဝင်လာနေလို့ လားရှိုး-သီပေါလမ်း ယာယီ ပိတ်ထား၊ မြို့တွင်းထဲ တိတ်ဆိတ်နေ

ဒီနေ့ ဧပြီ ၁၈ ရက်မှာ လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ဝင်ရောက်လာနေလို့ လားရှိုး-သီပေါလမ်းကို ယာယီ ပိတ်ထားပြီး လားရှိုးမြို့တွင်းလည်း ပုံမှန်ရက်တွေထက် တိတ်ဆိတ်နေတယ်လို့ လားရှိုးမြို့တွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

လားရှိုးမှာ အုပ်ချုပ်ရေးအဖွဲ့တွေကို ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ ကိုးကန့်တပ် အသိပေးထား၊ စစ်ကောင်စီ အုပ်ချုပ်ရေး စဝင်မယ်

ရှမ်းမြောက် လားရှိုးမြို့ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော်- MNDAA ဟာ အုပ်ချုပ်ရေးအဖွဲ့တွေကို လာမယ့် ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ အသိပေးထားတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှာ ပါဝင်နေသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးက စစ်ရှောင်‌နေအိမ်ကို ခိုးရောင်းသူ ရှိနေတာကြောင့် အဝယ်မမှားကြဖို့ အိမ်ရှင်ဖြစ်သူတွေက ပြော

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ရှောင်သွားပြီး ပြန်လာမနေသေးတဲ့ အိမ်တွေကို ခိုးပြီး အရောင်းတင်နေသူ ရှိတာကြောင့် အဝယ်မမှားကြဖို့ အိမ်ရှင်ကိုယ်တိုင်က ပြောပါတယ်။

လားရှိုးမြို့ထဲက နေအိမ် ပျက်စီးသွားလို့ ကိုးကန့်တပ် ပေးလိုက်တဲ့ ထောက်ပံ့ကြေးငွေကို ရာအိမ်မှူးတချို့က ထက်ဝက်အထိ ဖြတ်စားခဲ့

နေအိမ် ပျက်စီးသွားတဲ့ လားရှိုးမြို့က နေအိမ်တွေအတွက် ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ကိုးကန့်တပ်အနေနဲ့ နေအိမ် ၁ လုံးကို သိန်း ၅၀ ထောက်ပံ့ပေးခဲ့ရာ အဲဒီထောက်ပံ့ငွေကို ရာအိမ်မှူးတချို့က ဖြတ်စားခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ပြစ်မှု ကျူးလွန်သူ ၅ ဦးကို MNDAA က အများပြည်သူရှေ့ သေဒဏ်စီရင်ခဲ့

ရှမ်းမြောက် လားရှိုးမြို့နယ်ထဲမှာ ပြန်ပေးဆွဲ၊ ငွေညှစ်၊ လုယက်တာနဲ့ လူသတ်မှု ကျူးလွန်သူ လူငယ် ၅ ဦးကို ကိုးကန့်တပ် MNDAA က အများပြည်သူရှေ့ သေဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။

လားရှိုးမှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ကိုးကန့်တပ်က လူမြင်ကွင်းရှေ့ စီရင်ချက်ချ

ရှမ်းမြောက် လားရှိုးမြို့မှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ကိုးကန့်တပ်မတော်- MNDAA က လူမြင်ကွင်းရှေ့မှာ အမိန့်ချနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ရင် ဗလီကျောင်းတွေ ထပ်ပိတ်ခံမှာကို အစ္စလာမ်ဘာသာဝင်‌တွေ စိုးရိမ်နေ

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ရင် ဗလီ‌ကျောင်းတွေ ထပ်ပိတ်သိမ်းခံရမှာကို အစ္စလာမ်ဘာသာဝင်တွေ စိုးရိမ်နေကြပါတယ်။