Explosion in Lashio Injures Four Residents

An explosion at a scrap iron shop in junta-controlled Lashio, the capital of northern Shan State, injured four residents, according to the sources in the city.

ကောန်အီမာည်း ရဝ်နံမ့်စါမ်အူအီး ပ်ုန်မဲႈတံပ်ကိုးကာင်းကဲဒိူန် ပဲန်ဟာဝ်းပွံတ် ဘံင်လိုဘ္လာႈႎဲ့

တိုအီးခေဲင်အရာပ်အူအီး က္လာင်းဒါႈ ဂေါႇမိုႈဖုင်တံပ်ကိုးကာင်း MNDAA ကဲ မဲႈကောန်အီမာည်းအူအီး အ်ုန်အီဂေါည်ပရဝ်နံမ့်စါမ် လှံင်လာဆေဝ်နီန်အူအီး စီပဲန် ပဲန်ဟာဝ်းပွံတ် ဘံင်လိုဘ္လာႈႎဲႈအောႏ။

လားရှိုးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး ဒဏ်ရာရ

စစ်တပ်ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့က သံတိုသံစရောင်းဝယ်တဲ့ နေအိမ်တစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့က ရိုက်နှက်တဲ့ လားရှိုး နမ့်ကျန်က အမျိုးသားတစ်ဦး ဗိုက်ခွဲလိုက်ရတဲ့အထိ ဖြစ်ပွား

ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာက အမျိုးသားတစ်ဦးကို ကိုးကန့်တပ်မတော် MNDAA က ရိုက်နှက်ခဲ့တာကြောင့် ဗိုက်ခွဲလိုက်ရတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Repaired Lashio Bypass Bridge Reopens To Traffic

The Lashio Bypass Bridge, which was destroyed during Operation 1027, reopened on Wednesday evening, according to the drivers.

လားရှိုး မြို့ရှောင်လမ်းက တံတားမှာ ဖြတ်သန်းသွားလာလို့ရပြီ

၁၀၂၇ စစ်ဆင်ရေးအတွင်း မိုင်းခွဲဖျက်ဆီးခံရတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှောင်လမ်းက တံတားမှာ မနေ့ သြဂုတ် ၂၇ ရက် ညပိုင်းကစပြီး ဖြတ်သန်းသွားလာလို့ ရပြီဖြစ်ကြောင်း ကားသမားတွေဆီက သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့ လားရှိုးမြို့ လူစည်ကားရာနေရာမှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်၊ မြို့တွင်း ဓားပြတိုက်မှု ဆိုးဆိုးရွာရွားဖြစ်နေ

စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အမျိုးသမီးတစ်ဦးကို သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုရဲ့ ဓားပြတိုက်တာကိုခံရပြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ အဲအမျိုးသမီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး မြို့ရှောင်လမ်းတံတား ကျိုးကျပျက်စီးပြီး ကားနဲ့ဆိုင်ကယ် ဖြတ်သန်းသွားလာလို့ မရသေး

ကိုးကန့်တပ်မတော်- MNDAA ဘက်က ယာယီ တည်ဆောက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှောင်လမ်းတံတား ကျိုးကျပျက်စီးပြီး ကားနဲ့ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ သိရပါတယ်။

လားရှိုး မြို့မနဲ့ပန်းခြံအတွင်း ဈေးရောင်းနေသူတွေကို စည်ပင်က အဆမတန် ငွေ ကောက်နေ

စစ်တပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာရှိတဲ့ မြို့မဈေးနဲ့ပန်းခြံအတွင်း ဈေးရောင်းနေသူတွေကို စည်ပင်က ငွေ အဆမတန် ကောက်နေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

Junta Police in Lashio Charge Up to 500,000 Kyats for Criminal Clearance Certificates

The junta’s township police chief Nyo Win is charging between 100,000 500,000 kyats for criminal clearance certificates in Lashio, the capital of northern Shan Sate, according to the residents who were forced to pay.