ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ ကျောက်မဲမြို့ လက်မလွှတ်ရရေး TNLA က ဆက်လက်ခုခံနေ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

ကျောက်မဲမြို့နယ် နောင်ပြစ်ရွာနဲ့ ပါမလုပ်ကျေးရွာက ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာနဲ့ ပါမလုပ်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမှာ စစ်ကောင်စီတပ်က သတင်းပေးတွေ အများအပြားလွှတ်လာ၊ TNLA က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ပြီး အဲထဲမှာ အရပ်သားတွေလည်း ပါဝင်

တအာင်းတပ် PSLF/ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ထဲမှာ စစ်ကောင်စီတပ်ဖက်က သတင်းပေးတွေ အများအပြားလွှတ်လာနေပြီး အဲဒီသတင်းပေးတွေကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးနေတယ်လို့ TNLA ရဲ့ အုပ်ချုပ်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ကျောက်မဲမြို့နယ် နောင်ပြစ်ရွာက ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီထိုးစစ်ဆင်နေတဲ့ ကျောက်မဲနယ်မှာ TNLAနဲ့ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာ နားအိုက်ခန့်ရွာထဲအထိ စစ်ကောင်စီတပ်ရောက်လာ၊ တိုက်ပွဲဆက်ပြင်းထန်နေ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာ နားအိုက်ခန့်ရွာအထိ ရောက်ရှိလာပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလှံင်မာဝ်းႎံင်းနီန် ပ္လေါည်ကတီုက်ကပဴင် ဟည်ကရဲင်ရောတ်စာမ်းရီမ်းပြော ရဝ်ခိုက်တုန်ဟုန်း

ကဝ်အီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်နီန်အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ တံပ်ကညာအာဏာဆီုက်ဇေဝ် ကဲအီထိုးလီပ်‌ဒေဲႈ ဒီဘိူန်းတံပ်ဆီုက်တအာင်းကဲတထိင်ခြဲ ပကီုင်းမာဝ်းႎံင်းနီန် ခနားကာည်း TNLA ကဲ ပဲန်ကရဲင်ပ္လေါည်ကတီုက်ကပဴင်နီန်အောႏ။

ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာအနီးအထိ တိုက်ပွဲ ပြင်းထန်လာ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Clashes Intensify Between Ping Tein and Khike Tone Hone Villages in Kyaukme

Fighting has intensified between junta troops and the Ta’ang National Liberation Army (TNLA) as the junta’s unit advances on the TNLA-controlled township of Kyaukme in northern Shan State, according to the frontline sources.

နောင်ပိန်ဈေးကို စစ်ကောင်စီပြန်ဖွင့်ပေး၊ ဆိုင်တချို့က ပစ္စည်းတွေ ခိုးယူခံနေရ

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ဈေးကို စစ်ကောင်စီတပ်က ပစ္စည်းသိမ်းယူနိုင်ဖို့ မနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဈေးကို ပြန်ဖွင့်ပေးပြီး ဆိုင်တချို့က ပစ္စည်းတွေလည်း ခိုးယူခံနေရတယ်လို့ သိရပါတယ်။