Browsing Tag
Kyaukme
203 posts
ကျောက်မဲမှာ သိန်းတစ်သောင်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးကို TNLA ဖမ်းဆီးရမိ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနဲ့ သိန်းတစ်သောင်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပါဝါအိတ်ဇော တပ်လို့ဆိုပြီး ကျောက်မဲမြို့ ရဲတပ်ဖွဲ့ဝင်က ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းပြီး ရိုက်နှက်တာ ရှိနေ၊ ဒဏ်ကြေး မဆောင်ခိုင်းသေးဘဲ လူမှုရေးပြစ်ဒဏ်သာ ပေးကြောင်း တာဝန်ရှိသူ ပြော
ရှမ်းမြောက် ကျောက်မဲမြို့တွင်းမှာ ဆိုင်ကယ် ပါဝါအိတ်ဇော တပ်လို့ဆိုပြီး တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အရပ်သားတွေ ဆေးကုသနေတဲ့ ကျောက်မဲ ဆေးရုံကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ CDM ဆရာမအပါအဝင် ၂ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရ
ဒီနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံပေါ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့ရာ ဆေးကုသပေးနေတဲ့ CDM ဆရာမနဲ့ ဆေးရုံတက်နေသူအပါအဝင် အနည်းဆုံး ၂ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ကနဦး သိရပါတယ်။