ကျောက်မဲမှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပြီး နေအိမ် ပြာကျ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်မဲမှာ ရွေးကောက်ပွဲမတိုင်ခင် မှတ်ပုံတင်တွေကို အခမဲ့ လုပ်ပေးခဲ့ပေမယ့် အခုတော့ လဝကကို ငွေသိန်းချီ ပြန်ပေးရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မှတ်ပုံတင်လုပ်ရင် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) ကို ငွေသိန်းချီပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမှာလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ စတင်ခေါ်ယူနေပြီလို့ ဒေသခံတွေ ပြော

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က စတင်ခေါ်ယူနေပြီလို့ ကျောက်မဲမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းငေါ့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီမှ ၅ နှစ်အောက်ကလေး ၂ ရာနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) က ၅ နှစ်အောက် ကလေး ၂ ရာနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ကျောက်မဲအဝင်မှာ တရုတ်ထုတ်ကုန် တင်လာတဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ် ဖမ်းဆီးနေ

ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကနေ တရုတ်ထုတ်ကုန် တင်ဆောင်လာတဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကျောက်မဲမှာ ထော်လာဂျီတိမ်းမှောက်ခဲ့ရာ ဒေသခံ ၂ ဦး သေဆုံး

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၄ ရက်က ထော်လာဂျီတစ်စီး တိမ်းမှောက်မှုဖြစ်ပြီး ဒေသခံ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်သားတစ်ဦးက ဖုန်းဆိုင်ထဲ ဝင်ရောက်လုယက်လို့ မြို့ခံတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်

ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် (၄) ရှိ မီဂါစတုံးဖုန်းဆိုင်မှာ လက်နက်အပြည်အစုံ ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဖုန်းကို ဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲက နေအိမ်တချို့ကို စစ်ကောင်စီတပ်က လလယ်မှာ အတင်းဖယ်ရှားခိုင်းနေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ငြိမ်းချမ်းရေးကုန်းနဲ့ ရဲစခန်းအနီးက နေအိမ်တချို့ကို ဒီလ လလယ်နောက်ဆုံးထားပြီး စစ်ကောင်စီက ဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျောက်မဲက အိမ်တစ်အိမ်မှာ စစ်ကောင်စီဝတ်စုံ ဝတ်ဆင်ထားသူ ၃ ဦးက ဆိုင်ကယ် ဓားပြတိုက်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ရွာက နေအိမ်တစ်အိမ်မှာ စစ်ကောင်စီဝတ်စုံ ဝတ်ဆင်ထားသူ အမျိုးသား ၃ ဦးက ဆိုင်ကယ်လုယူမှုဖြစ်ပွားသွားတယ်လို့ ဒေသခံတွေက​ ပြောပါတယ်။

ကျောက်မဲ – မန္တလေးသွားတဲ့ ကုန်တင်ကားတွေကို ဂိတ်ပေါင်း ၁၂ ခုကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ လက်အောက်ခံ ရဲတွေက ငွေအဆမတန်တောင်းနေပြီး အသွားအပြန် ၁၀ သိန်းထက်မနည်း ကုန်ကျ

ရှမ်းမြောက် ကျောက်မဲကနေ မန္တလေးကို ဒေသထွက်ကုန် တင်ပို့တဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံ ရဲတွေက ငွေအဆမတန်တောင်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။