နမ့်ဖတ်ကာမှာ ၈ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးတစ်ဦး ရေနစ်ပြီး သေဆုံးသွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင်ဘက် ကုန်စည်စီးဆင်းမှု ပိတ်လိုက်ပြီးနောက် လားရှိုး-နမ္မတူ ကုန်စည်စီးဆင်းခွင့်နဲ့ ခရီးသည် သွားလာခွင့်ကိုလည်း ကိုးကန့်တပ် ထပ်မံ ပိတ်ဆို့ထား

သိန္နီကနေ ကွတ်ခိုင်ဘက် ကုန်စည်စီးဆင်းခွင့် ပိတ်လိုက်ပြီးနောက် လားရှိုးကနေ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူဘက် ကုန်စည်စီးဆင်းခွင့်နဲ့ ခရီးသည် သွားလာခွင့်ကိုလည်း ကိုးကန့်တပ်က ထပ်မံ ပိတ်လိုက်ပြီဖြစ်တယ်လို့ ကုန်သည်ကားသမားတွေဆီက သိရပါတယ်။

နမ့်ဖတ်ကာက ကိုရင်တစ်ပါး လက်ပစ်ဗုံး ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲလို့ ခြေတ‌စ်ဖက် ပြတ်ထွက်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကိုရင်တစ်ပါးက လက်ပစ်ဗုံးတစ်လုံး ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကိုးကန့်တပ်က သိန္နီကနေ ကွတ်ခိုင်ဘက် စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူခွင့်မပေး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်ကနေ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ဘက် ကိုးကန့်တပ်က စားသောက်ကုန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် မပေးဘူးကို ဒေသခံတွေဆီက သိရပါတယ်။

ခတ်ကွင်းမြေမှာ လက်ငင်းကြေတော့မလား

တောင်သုံးဆယ်ဟု ဆိုလိုက်လျှင် “လွိုင်ဆမ်ဆစ်” ကို ပြေးမြင်ယောင်ကြပေမည်။ ရှမ်းဘာသာစကားဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပြီး လွိုင်ဆမ်ဆစ်တောင်နှင့် ကွတ်ခိုင်မြို့သည် ယှဉ်တွဲသိရှိကြမည့် အထင်ကရ ဝိသေသ ဖြစ်သည်။

ကွတ်ခိုင်နဲ့ သိန္နီအစပ်က အိုမ္မလီရွာရဲ့ TLEC စာသင်ကျောင်းဆိုင်းဘုတ်ကို ကိုးကန့်တပ်က လာရောက်ဖျက်စီးသွား၊ ရွာသား ၂ဦးလည်း ဖမ်းဆီးသွားပြီး ၁ဦးကို သိန်း ၂၀နဲ့ ပြန်ရွေးခဲ့ရ

တအာင်းတပ်ထိန်းချုပ်တားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ် ထိန်းချုပ်တဲ့ သိန္နီအစပ်က အိုမ္မလီကျေးရွာက TLEC စာသင်ကျောင်း ဆိုင်းဘုတ်နဲ့ တအာင်းအမျိုးသားအလံ ကိုးကန့်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေတူးတာကို ဆန္ဒပြလို့ ကိုးကန့်တပ်က ပစ်သတ်လိုက်တဲ့ မုံးစီးက ဒေသခံ ၆ ဦးအတွက် တရုတ်ငွေ ယွမ် ၂ သိန်းပေးပြီး ကျေအေးစေခဲ့

ကိုးကန့်တပ်မတော်-MNDAA ပစ်သတ်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာက ဒေသခံ ၆ ဦးကို တရုတ်ယွမ် ၂ သိန်း(ငွေကျပ် သိန်း ၁ ထောင်ကျော်) နဲ့ ကျေအေးပေးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

Six Kutkai Men Missing in China After Seeking Work via Labour Broker

Six men from Kutkai Township in northern Shan State, have gone missing after traveling to China for work through a labour broker, and they still remain out of contact until today, according to family members and close associates.

တရုတ်ပြည်မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတစ်ဆင့် အလုပ် သွားလုပ်တဲ့ ကွတ်ခိုင်က အမျိုးသား ၆ ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတစ်ဆင့် အလုပ် သွားလုပ်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က အမျိုးသား ၆ ဦးနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာမှာ ကလေးငယ်တွေ ဗုံးဆော့ကစားရာမှာ ပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကချင်တပ်မတော်-KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးငယ်တွေ လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။