သီပေါမြို့အဝင် မုခ်ဦးကို ပြုပြင်ဖို့ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ TNLA ပြော၊ မူလအတိုင်း ပြန်လည် ပြုပြင်နေပြီလို့ဆို
ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ ရှမ်းမြောက် သီပေါမြို့အဝင် မုခ်ဦးကို ပြုပြင်တဲ့ကိစ္စမှာ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။