အကျဉ်းကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို တာဝန်ပြန်ထမ်းဆောင်ရင် မူလရာထူး ပြန်ပေးမယ်ဆိုပြီး စည်းရုံးနေ
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးညှင်းက အကျဉ်းထောင် ၂ ခုမှာ နှစ်ရှည်အကျဉ်းကျနေတဲ့ ရဲ၊ စစ်ကောင်စီတပ်သားတွေကို လက်ရှိမှာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ အကျဉ်းဦးစီးဌာနဝန်ထမ်းနဲ့ ထောင်အာဏာပိုင်တွေက ပြောဆိုစည်းရုံးနေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။