မာည်းရူပ၊ နိုဗဲမ်ဘာ ဆငည်း 1၊ လာဆေဝ်
တံပ်ကညာအာဏာဆီုက်ဇေဝ် ကာည်း တံပ်ကိုကာင် MNDAA ကဲ ဟည်လည်ယိူဝ်းဘိုး ပဟိုတယ်ဆင်နှစ်ကောင် ခေဲင်ကီုင်းလာဆေဝ် အမှိူဝ် ကျံရ်နိုဗဲမ်ဘာ ဆငည်း 31 ဒိူန်အော်။
ကဝ်အီဂေါည်ခေဲင်ကီုင်းလာဆေဝ် အ်ုန်အီဒဲ;ဆဒါင် တဖုင်ဆျှိုည်ဖီမျေ က္လာင်းဒါ; “ ပဟိုတယ်ဆင်နှစ်ကောင်နီန် ဆကဆ ကာည်း MNDAA ကဲဟည်လည်ယိူဝ်းဘိုးအဒိူဝ်နီန်။ ကံပ်ရောတ်စူန်အံပ် ပါင်ကမိုန်ကဲညှံမ်ဟောည်,စိ။ နံင်မို;လိူည်လောင်သိန္နီ”။
ဘံန်ဟောည်,အာပ်ဗီရ်တံပ်ကိုကာင်ကဲတ ကီုင်းလာဆေဝ်နီန်တ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခနားတံပ် MNDAA ကဲ ဂေါည်ဂေါည်လည်ယိူဝ်းဖါ်; မို;လိူည်ညှံမ်နံပ်စိ ပ်ုန်လည်ကမိုန်ကဲအော်။
ခည်ကျံရ်ဆဲပ်တဲမ်ဘာ ဆငည်း 16 ဒိူန်မာ် MNDAA ကာည်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ လည်ယိူဝ်းဒေဲ;အော်။
တောပ်ဘည်လေ;ဆဒါင် ကဲဒါ; တံပ်ကညာအာဆီုက်ဇေဝ်ကဲ ဂီုည်ဗီရ်မှာန်း ကီုင်းတေင်နီနီန်တ တံပ်ကိုကာင်ကဲ မို;လိူည်ကဲအာဝ်ရံပ်ခါမ်။
ကဇေန်းနီ ခေဲင်ကီုင်းတေဲင်နီန် ကဲဂီုည်ရေဲနခကဟိုက်ကဟာဝ်း လံပ်ဘြောင်ချှာင်ကဲ ဆဲ;ဒီန်ယုင်ဆနံမ်ဒါင်းကဲမာ် ဗီရ်ရေဲန်ဟာဝ်းယုင်ဆနံမ်ဒါင်းအီကမာည်းအော်။
ဂေါ,ပ်ုန်လီပ်ကမိုန်ဒဲ;ခယ်ကဲ MNDAAကဲ ကာည်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဇံင်းဟာဝ်းဖါ်;ပ္လေါည်ကတီုက်ကပဲင်နီန် ခေဲင်ကီုင်းအ်ုန်အီမို;ဒီပ်ုန်ထိင်ခြဲ တံပ်ကိုကာင်နီန် ကဲဗီရ်အာပ်ဒဲ;တတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခည်ကျံရ်အေပြ်ုရ်အော်။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – လိုည်းပိုႈဆပေ
~ ~ ~
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။