လိုည်းလာဝ်ဇာရ်၊ ကျံရ်အံက်တိုဘာ ဆငည်း 11၊ မာ၀်းႎံင်း

ကောန်အီပ်ုန်ဂေါည်ခေဲင်အရာပ်ဒီန်အူအီး က္လာင်းဒါႈ ကောန်အီပ်ုန် ကဝ်အီဂေါည် ပရ၀်နော်င်ပျီတ် လှံင်မာ၀်းႎံင်း ကပီုန်ဆျှံမ် ကဒါႇပိူည်နီန်အူအီး ငျားဖါ်ႈညဲ့မဴင် ဇိူင်အ်ုန်မာ် ကတ်ုတ်ဟာ၀်းပွံတ် အူကဒါႇအောႏ။

ခည်ကျံရ်အံက်တိုဘာ ဆငည်း 10 ခိင်ညှာ ကပံတ် 10နြီလေႈအူကဒည်ဒိူန် အ်ုန်ငျားဒေညဲ့ ခိင်ဒါႈအ်ုန် နံင်ဟာ၀်းရေဲန် လိုင်းတ၀်အေဲႈ အီဂေါည်ခေဲင် ႎါင်းဂါင်ကဲအောႏ။

ကောန်အီပ်ုန်ဂေါည်ခေဲင်အရာပ်ဒီန်အူအီး က္လာင်းဒါႈ မိုႈလိူည်ခေဲင်ႎါင်းဂါင် အ်ုန်ဒါႈနံင်ဟာ၀်းရေဲန် လိုင်းတဝ်အေဲႈ အ်ုန်ငျားလိူည်ညဲ့ ပဒေင်ခ္လေါႈဟာ၀်း ဟောည်ႇအူဂါင်မိုႈအူဂါင်ဒိူန်။ အာည်ႇဒီန်မာ် ကံပ်ခ္လေါႈဟာ၀်းခ္လေါႈႎီရ် ဆေအာ၀်ဘာည်း။ မိုႈလိူည်ဆငည်းဒီန် အ်ုန်စီကတူႈဟာ၀်း ကဲဒါႈ က၀်အီီငျားဒေညဲ့မဴင်ဒီန်မိုႈ မနာင်ဟော်မ် ဘိူန်းအဆာက် 40ဆန်ုမ်အောႏ။

အ်ုန်ဆီုပ်ဒါႈဘိုး ဂေါႇမဴင်တီႇခေဲင်ကတာည်း ဇိူင်အ်ုန်ကတ်ုတ်ဟာ၀်းဖါ်ႈ ကဒါႇ၀ဲ ကဒါႇတံမ်မာ် ဘိူန်းဟာ၀်းဘိုး ဒီဆဲ၀်အောႏ။

ဆာ်မိုႈကဇေန်နီး ဘိူန်းအယ်နံပ် မိုႈတ ကဲဟည်တိုန်းဟာ၀်း ကောန်အီပ်ုန် က၀်အီငျားဒေညဲ့မဴင်ဒီန် ကနာည်နံင်ဆနံမ်းတိုအ်ုန် ပယုင်ဆနံမ်ဒါင်း ပျီန်အူးလူန်နီန်ယာ့်အောႏ။

ခည်ကျံရ်အံက်တိုဘာ ဆငည်း 21ဒိူန်မာ် ကောန်အီမာည်း တိုအီးရ၀်နော်င်ပျီတ်ကာည်း ရ၀်ပါမလုပ် လှံင်မာ၀်းႎံင်းကဲ အာရ်အီး ငျားဖါ်ႈညဲ့မဴင် ယံမ်းဟာ၀်းအောႏ။

တောပ်ပည်စြာင်း ပ်ုန်ကစုအူန်း ဖုင်ယဲဆျှိုည်ဖီမျေ ဇူႈပံတ်ကျံရ်ဇံန်နႎရီ ရောတ်ဘံင်ကျံရ်အံက်တိုဘာ ခေဲင်10ကျံရ်နီန် ဂေါႇမဴင်တီႇခေဲင်ကတာည်းကာည်း ဂြိုခြီုင်လက်နာက်ဆီုက် အီကီုတ်ကဲနီန် တောပ်ပည်ကောမ်ကညောမ် 2အီး တိုအီးပကပီုန်ဆျှံမ်ကဒါႇပိူည်နီန် ဟည်ယံမ်းဟာ၀်းဖါ်ႈ 10အီး တောပ်ပည်ကောန်ကညောမ် 6အီး အီဘာတ်ဂေါည်ပွံတ် 27အီးအောႏ။

ကဝ်အီကပ္လါႇဘေဲႇဆဒါင် – Lway N Tra

~ ~ ~

ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေနီန် အာဝ်ႎံန်း ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်ကဲနီန်အောႏ။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ခေဲင်ကီုင်းမာဝ်းဝံင်းနီန် တံပ်ဆီုက်ကညာအာဏာဆီုက်ဇေဝ်ကဲ ဂီုည်ပဲန်ကရဲင်ပ္လေါည်ကတီုက်ကပဲင်

ဘိူန်းအယ်နံပ် ဒီထိုးဟာဝ်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခေဲင်ကီုင်းမာဝ်း ရီမ်းပြောခိုမုန်နီန် တံပ်ကညာအာဏာဆီုက်ဇေဝ် ကာည်း တံပ်ဆီုက်တအာင်း TNLA ကဲပဲန်ကရဲင်ဖါ်ႈ ပ္လေါည်ကတီုက်ကပဴင်နီန် ခေဲင်ကီုင်းမာဝ်းႎံင်းဒီ‌ေပန်ခ္လနီန် ဂီုည်မိုႈလိူည် TNLA ကဲ ထိင်ခြဲအောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းဘျုင်တောပ်ကော်င် ခေဲင်ရဝ်လုံဝယ် တိုက်ဟာဝ်းဘိုးဂါင်ဂေါည်

တံပ်ဆီုက်တအာင်း TNLA ကဲ ပ္လိူရ်ႈလေႈဒါႈ ဒီပဲန်ကရဲင် ပ္လေါည်ကတီုက်ကပဴင် ခေဲင်လှံင်မာဝ်းႎံင်းနီန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ်ပျောႈဟာဝ်းဘျုင် 30 ပိုင်း ကာည်း ဘျုင်တောပ်ကော်င် 3 ပိုင်းအောႏ။

ဒီခေဲင်ကီုင်းသပိတ်ကျင်းနီန် ကဒါႇဂီုန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ႎီရ်ဘိူန်းဒေ ထိင်ခြဲ

ကဲအီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်ကဲနီန် က္လာင်းတဆျှိုည်ဖီမျေဒါႈ ဒီကီုင်းသပိတ်ကျင်း ကပီုန်ဒါင်းမာန်းတလေး အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်လံပ်တီုက်ႎှီုန်းကဲနီန် ကဒါႇဂီုန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ႎီရ်ဘိူန်းဒေ ထိင်ခြဲအူန်း ခည်ကျံရ်ဇူန်လည် ဆငည်း 22ဒိူန်အောႏ။

ဂေါႇမိုႈကဝ်အီဇိူရ်ႈကားနီန် ဒါဘိုတ်ဘြူႈ ကောန်အီမာည်း 2အီး ဂါရ်အီကဇိူရ်ႈကယံင်းကား ပတော်င်စီး စီပဲန် 1အီးယံမ်းဖါ်ႈ ဘာတ်အူအီး

ဂေါႇမိုႈကဝ်အီဇိူရ်ႈကားနီန် ဒါဘိုတ်ဘြူႈ ဂါရ်ႎါႎည်း 2အီး အီကဇိူရ်ႈကယံင်းကား ပကီုင်းအေးသာယာ လှံင်တော်င်စီး ကပီုန်ဆျှံမ်ကဒါႇက်ြုမ် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် စီပဲန် ကဝ်အီမိုႈႎါးအ်ုန် ယံမ်းဖါ်ႈ ကဝ်အီမိုႈႎည်းစီ ကတူႈဟာဝ်းဖေးဆဲဝ်အောႏ။