ယာရူစိင်၊ ကျံရ်အံက်တိုဘာ ဆငည်း 15၊ လာဆေဝ်
တိုအီးခေဲင်အရာပ် ကဝ်အီဂေါည်ပလာဆေဝ်နီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ တိုအီးကဲအီကိုင်းဒါလာက်နာက်နီန် အူခမို ဘရူမ်ဖါ်ႈကားအူကြောင် စိုန်မှာတ်ဟာဝ်း ကာင်းအူကြောင်နီန် ပလာဆေဝ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲအောႏ။
ခည်ကျံရ်အံက်တိုဘာ ဆငည်း 13 စူန်မှိူဝ်ဒိူန် ကား wish အူကြောင် ကတူႈအီးစိုန်မှာတ်ဟာဝ်း ရီမ်းက္လာႈလုံလော့ ဇံင် 7 ခေဲင်ကီုင်းလာဆေဝ်အောႏ။
“ကညာကားဒီန် ဘိူည်ဘဘိုးကားအူကြောင် တောပ်ရဘံန်းမာ် အာဝ်က်ြုပ်ယာ့်။ စိုန်ကဲ ဒိူည်းဘိုးဆနာတ်။ မောကံပ်ကဇေန်နီး ညှံမ်ယိူဝ်းစိတငါဝ်း ကဲဒါႈ ဟည်ဘိူန်းတိုည်း စိုန်ကဲဒီန်။ ကဒါႇဂီုန်းအ်ုန် ကဲနံင်အာဝ်ဆမာဘိူန်းစိ တိုည်း။ တီုင်ဌာနအီကဆီုဝ်ကဆဲင်ကဲ ကံပ်အာဝ်ရေဲန်လိူည်ဇီုင်း။ ဇံင်ကဒါႇဒီန် အ်ုန်မိုႈဒီဟာဝ်းဂီုန်းတိုအီးယာ့်။ ကားအီကမာ်ႈ အီကတူႈမှာတ်ကား ပလာဆေဝ်နီန် ဂေါည်ဂေါည်မိူဝ်ႈ ဂီုန်းခည်း”
ဘည်ဂေါည်ဂေါည်ပဲန် အမှုစိုန်၊ အမှုရံပ်တိုည်းလာည်းရိူန်းကာည်း အမှုမှာတ်ကဲနီန် ပလာဆေဝ် တိုအီးခေဲင်အရာပ်ကဲ ဘိူည်းဟြာင်းက္လာင်း တတီုင်ဌာန အီကဆီုဝ်ကဆဲင်ကဲမာ် ဂေါႇမိုႈကဲအာဝ်ဘယ်ရေဲန်ဒဲႈဆေ စီပဲန်ကီန်းခည်း တတိုအီးခေဲင်အရာပ်ကဲအောႏ။
ဘံန်ဟောည်ႇလီပ်ဒေဲႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခေဲင်ကီုင်းလာဆေဝ် ဇူႈပွံတ်ကျံရ်အေပ်ပ်ြုရ် ဆငည်း 22 ရောတ်ဘံင်ကျံရ်အံက်တိုဘာ ဆငည်း 14နီန် အမှုစိုန်၊ အမှုကိုႈကာည်း အမှုမှာတ်ကဲနီန် ဟည်ပဲန်ဟာဝ်း 48လိူဝ်ႈ အာဝ်ယောမ်ယာ့်အောႏ။
ဆဲႈဒါႇမူစယ်၊ လာဆေဝ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ တာင်ယာန် ကဲအီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် ခေဲင်ကီုင်းကဲဟံရ်မာ် အီကဇိူရ်ႈကယံင်း ခံင်မဝ်းကာည်း ပါင်ကတော်ကဲနီန် ဂီုန်းမှယ်ဖါ်ႈအာည်ႇနီန် အမှုဘြား၊ အမှုမှာတ်၊ အမှုစိုန်ကာည်း အမှုပျံမ်းတိုအီးကဲနီန်မာ် ဂေါည်ဂေါည်ပဲန်ဒေဲႈအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – Lway N Tra
~ ~ ~
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေနီန် အာဝ်ႎံန်း ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်ကဲနီန်အောႏ။