ချောင်းဦးမြို့နယ် ကျီးကုန်းရွာက မကျန်းမာတဲ့ အဘိဝံသဘွဲ့ရ ဆရာတော်တစ်ပါးနဲ့ အခြားသံဃာတစ်ပါးအပါဝင် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာက အဘိဝံသဘွဲ့ရ ဆရာတော်တစ်ပါးနဲ့ အခြားသံဃာတော်တစ်ပါးအပါဝင် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့တယ်လို့ Monywa Revolution -MR က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

PSLF/TNLA ရဲ့ မီးသတ်ဌာနက ပထမဆုံး ကယ်ဆယ်ရေးသင်တန်းဆင်းပွဲ ပြုလုပ်

တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မီးသတ်ဌာနက တအာင်းဒေသတစ်ခုလုံးအတွက် ပထမဆုံး ကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်ခဲ့ပါတယ်။

အရာတော်မှာ ရိက္ခာလာသယ်တဲ့ ပျူစောထီး ၁၂ဦးထဲက ၈ ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းမိထားတယ်လို့ ဆို

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ညောင်ဒူးလေးရွာမှာ ရိက္ခာလာသယ်တဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၁၂ ဦးထဲ ၈ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း၂၁ တပ်ခွဲ၂က သတင်းထုတ်ပြန်လာပါတယ်။

ဌာနဆိုင်ရာတွေကို ပိုက်ဆံပေး ဖွင့်လှစ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက်(၅)က လောင်းကစားဝိုင်း သတင်းထွက်ပြီးနောက် စစ်ကောင်စီ ဖမ်းပြ၊ ဦးဆောင်ဖွင့်လှစ်သူတွေကိုတော့ မဖမ်း

စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရပ်ကွက်(၅)မှာ လောင်းကစားဝိုင်းလုပ်နေတဲ့ သတင်းထွက်ပြီးနောက် စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့တွင်း အသံတိတ်သပိတ်မှာ ပါဝင်ဖို့ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်း

တရုတ်အကူအညီနဲ့ စစ်ကောင်စီတပ်ပြန်ရခဲ့တဲ့ ရှမ်းမြောက် လားရှိုးမြို့အတွင်း အသံတိတ်သပိတ်မှာ ပါဝင်ဖို့ တိုက်တွန်းကြောင်း လားရှိုးမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး-တာချီလိတ်သွားတဲ့ ခရီးသည်တွေထဲက တအာင်းလူမျိုးတွေသာ ကားခ ၃ဆ ပိုပေးနေရ၊ ကားပေါ်မှာလည်း တအာင်းလူမျိုးပါတဲ့မှတ်ပုံတင် ကိုင်ဆောင်လို့မရတာနဲ့ တအာင်းစကားမပြောရဘဲ ခွဲခြားခံနေရ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ‎ရှမ်းမြောက် လားရှိုးကနေ ရှမ်းအရှေ့ တာချီလိတ်မြို့သို့ ခရီးသွားတဲ့ လူထုတွေထဲက တအာင်းလူမျိုးတွေကသာ ကားခ ပုံမှန်ထက် ၃ ဆ ပိုပေးနေရတဲ့အပြင် တအာင်းလူမျိုးလို့ ပါတဲ့မှတ်ပုံတင်လည်း ကိုင်ခွင့်မရှိသလို လမ်းတလျှောက်လုံး တအာင်းစကားမပြောရ‌ဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကားဟွန်းတီးလို့ဆိုပြီး ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်လို့ သေဆုံး

ရှမ်းတောင် ဟိုပုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီး ကားဟွန်းတီးလို့ ဆိုတဲ့စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်လို့ သေဆုံးသွားခဲ့ကြောင်း ဟိုပုံးမြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင် စစ်ရှောင်စခန်းတစ်ခုက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရွှေလီဘက်အလုပ်သွားလုပ်ရာကနေ အဆက်အသွယ် ပြတ်တောက်နေပြီး လူကုန်ကူးခံရမှာကို စိုးရိမ်နေ

ကွတ်ခိုင်မြို့နယ်ရှိ လွယ်မှုန်ဆာ စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဟာ တရုတ်ပြည် ရွှေလီဘက်အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားရာကနေ လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ပလာဆေဝ် ဇံင် (5) နီန် ကဲရေဲန်ဖါ်ႈ ပါင်ကတော်ဘြည်ပေန်ကျံရ် ခံင်မဝ်းမာ် ဘိူန်းဇိူရ်ႈငှိူည်ငှိူည်ကြိူဝ်ႈကြိူဝ်ႈ

ဘိူန်းအယ်နံပ်တ တိုအီးခေဲင်အရာပ်ကဲ မိုႈတ ပဇံင် (5) ကီုင်းလာဆေဝ် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် ကဲႎိူဝ်ႈဖါ်ႈ ပါင်ကတော်ဒါင်း ခေဲင်ႎါင်း အ်ုန်အီဂေါည်ပမာန်အာည်ဂိုရ်နီန် ကဲဘိူည်ႎိူဝ်ႈဘြည်ပေန်ကျံရ်မာ် မောကံပ်ရောတ်ကဇေန်နီး ညှံမ်မိူဝ်ႈစိ ဘည်ဘိဟာဝ်းကဲအောႏ။

၄ နှစ်နီးပါးကြာ စစ်ရှောင်နေရတဲ့ ကင်းရွာခံရဲ့ ကောက်သီးပဲနှံသိမ်းထားတဲ့ ယာတော ၈ လုံးကို စစ်ကောင်စီတပ်က မီးရှို့ပစ်

မကွေးတိုင်း မြိုင်အရှေ့ခြမ်းက ၄ နှစ်နီးပါးကြာ စစ်ရှောင်နေတဲ့ ကင်းရွာခံရဲ့ ကောက်သီးပဲနှံသိမ်းဆည်းထားတဲ့ ယာတော ၈ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ထာားပါတယ်။