မြောက်ဦးမြို့ ဆေးရုံကြီး ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၃၃ ဦးတိုးလာပြီး ဒဏ်ရာရသူလည်း ၇၆ ဦးအထိရှိလာ
အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီး ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၃၃ ဦးတိုးလာပြီး ဒဏ်ရာရသူလည်း ၇၆ ဦးအထိ ရှိတယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။